Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / X-Men: Dark Phoenix ဇာတ်ကားမှ ပုံရိပ်များ ထွက်ရှိလာ

X-Men: Dark Phoenix ဇာတ်ကားမှ ပုံရိပ်များ ထွက်ရှိလာ

| No comment


Entertainment Weekly က X-Men: Dark Phoenix ဇာတ်ကားသစ်မှာ တွေ့မြင်ရမည့် ပထမဆုံးပုံရိပ်များကို မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြလိုက်ပါတယ်။

မဂ္ဂဇင်းထဲမှာ ဇာတ်လမ်းအသေးစိတ် အချက်အလက်အချို့ကို ဖော်ပြထားပြီး ဇာတ်ကားသစ်ဟာ X-Men: Apocalypse အပြီး အချိန် ၁၀ နှစ်ကြာသွားပြီးနောက် ၁၉၉၂ ခုနှစ်မှာ အခြေတည်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ X-Men တွေကို အကျွမ်းတဝင်မရှိသေးတဲ့ နိုင်ငံတော် လူစွမ်းကောင်းပုံစံ တွေ့မြင်ရမှာပါ။ Charles Xavier က TIME မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခြင်းခံရပြီး အသစ်ဖြစ်ပေါ်လာတဲ့ အတ္တမာနတွေကြောင့် အဖွဲ့သားတွေကို အန္တရာယ်ပိုမိုကြီးမားတဲ့ စစ်ဆင်ရေးတွေကို လွှတ်ပါတော့တယ်။

“အတ္တမာနက သူ့ကို လွှမ်းမိုးလာပြီး X-Men တွေကို ပိုအစွန်းရောက်တဲ့ အန္တရာယ်ပိုမိုကြီးမားတဲ့ စစ်ဆင်ရေးတွေကို လွှတ်ပါလေရော” လို့ Simon Kinberg က ပြောပြပါတယ်။

ရလဒ်ကတော့ အဖွဲ့ရဲ့ ပထမဆုံး အာကာသထဲ ခရီးစဉ်မှာ စစ်ဆင်ရေး လွဲချော်ပြီး Sophie Turner ရဲ့ ဇာတ်ကောင် Jean Grey ကိုယ်ထဲက Phoenix Force ကို လှုံ့ဆော်လိုက်သလိုဖြစ်သွားပါတယ်။

“ဒီဇာတ်ကားက ကျွန်တော်တို့ ရိုက်ဖူးသမျှထဲမှာ စိတ်ထိခိုက်ဖွယ်အကောင်းဆုံးနဲ့ ကရုဏာသက်ဖွယ်အကောင်းဆုံး X-Men ဇာတ်ကားပါပဲ။ စွန့်လွှတ်အနစ်နာခံခြင်းတွေ ဒုက္ခခခံခြင်းတွေအများကြီး ပါပါတယ်” လို့ James McAvoy ပြောပါတယ်။

ဇာတ်ကားထဲမှာပါဝင်မည့် Jessica Chastain ရဲ့ ဗီလိန်ဇာတ်ရုပ် (ယခင်က ဖော်ပြထားသည့် Shi’ar Empire ရဲ့ ဘုရင်မ Lilandra) နှင့် ပတ်သက်ပြီးတော့လည်း “သူ့ ကိုယ်ကျိုးအတွက် Phoenix  ကို ချုပ်ကိုင်ထားတဲ့ ပုံသဏ္ဍန်ပြောင်းလဲနိုင်သူ” “သိမ်မွေ့ပေမယ့် လူမဆန်သူ” လို့ EW က ဖော်ပြထားပါတယ်။

X-Men: Dark Phoenix ဇာတ်ကားမှာ အရင်သရုပ်ဆောင်တွေဖြစ်တဲ့ James McAvoy (Professor X), Michael Fassbender (Magneto), Jennifer Lawrence (Mystique), Nicholas Hoult (Beast), Alexandra Shipp (Storm), Tye Sheridan (Cyclops), Kodi Smit-McPhee (Nightcrawler), Sophie Turner (Jean Grey) နှင့် Evan Peters (Quicksilver) တို့ ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။ The Next Step မှ Lamar Johnson က လျှို့ဝှက်ဇာတ်ကောင်နေရာက ပါဝင်မှာဖြစ်ပြီး သန္ဓေပြောင်းသူ Dazzler လည်းပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို Simon Kinberg က ဇာတ်ညွှန်းရေးသား ရိုက်ကူးမှာဖြစ်လို့ သူ့အတွက် ဒါရိုက်တာအဖြစ် ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ Kinberg က ဒီဇာတ်ကားကို Lauren Shuler Donner နှင့် Hutch Parker တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ X-Men: Dark Phoenix ဇာတ်ကားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

  Bruce

 #Celebrity.thithtoolwin.com

  Source: Comingsoon