JTBC ရုပ်သံက အပတ်စဉ် တနင်္လာ-အင်္ဂါမှာ ထုတ်လွှင့်မည့် “Clean With Passion for Now” (တိုက်ရိုက်ဘာသာပြန်အမည်) ဇာတ်လမ်းတွဲမှာ Ahn Hyo Seop ပါဝင်မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။
လူကြိုက်များတဲ့ webtoon ဖြစ်တဲ့ “Clean With Passion for Now” ကို အခြေခံထားတဲ့ ဇာတ်လမ်းကတော့ အသန့်အလွန်ကြိုက်တဲ့ Jang Sun Kyul နှင့် အပူအပင်မရှိနေတတ်ပြီး မသတ်မရပ်နေတတ်တဲ့ Gil Oh Sol တို့ရဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဘယ်လိုပြောင်းလဲပေးပြီး ထူးခြားတဲ့ အခြေအနေအရပ်ရပ်မှာ ချစ်မိသွားတဲ့အကြောင်းဖြစ်ပါတယ်။
Ahn Hyo Seop က သန့်ရှင်းရေး ကုမ္ပဏီကြီး ပိုင်ဆိုင်ထားပြီး ဒါဟာ သူ့ဘဝရဲ့ သမိုင်းပေးတာဝန်လို့ သဘောထားတဲ့ Jang Sun Kyul အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ရုပ်ရည်ချောမော၊ ချမ်းသာပြီး မဖြစ်နိုင်လောက်အောင် ပြီးပြည့်စုံသူတစ်ယောက်လို့ ထင်ရပေမယ့် ပြင်းထန်တဲ့ အသန့်လွန်ရောဂါကို ခံစားနေရတာကြောင့် တခြားလူတွေနှင့် ထိတွေ့ဖို့ကို ငြင်းဆန်ရုံသာမက ပတ်ဝန်းကျင်မှာ ဖုန်တစ်မှုန်ရှိနေတာကိုတောင် သည်းမခံနိုင်တဲ့အထိပါပဲ။ ခက်ခဲတဲ့ အမှန်တရားနှင့်ရင်ဆိုင်တွေ့ပြီး သန့်သန့်ရှင်းရှင်းနေဖို့ကို စွန့်လွှတ်ထားတဲ့ Gil Oh Sol ပေါ်လာတဲ့အချိန်မှာတော့ သူ့ဘဝကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ မင်းသမီး Kim Yoo Jung က Gil Oh Sol အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းတွဲရဲ့ သတင်းရင်းမြစ်တစ်ခုက “အကြိမ်ကြိမ် အစည်းအဝေးထိုင်ပြီးမှ Ahn Hyo Seop ကို Sun Kyul အဖြစ်ရွေးချယ်လိုက်ပါပြီ။ လူရွေးပွဲမှာ ပြိုင်ဘက်တွေအများကြီးကို ရင်ဆိုင်ခဲ့ရပေမယ့် သူက ဇာတ်ကောင်ကို သေချာနားလည်တဲ့ သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပြီး ရုပ်ရည်ကလည်း ကာတွန်းထဲက ထွက်လာတဲ့အတိုင်းပါပဲ” လို့ ပြောပြခဲ့ပါတယ်။
ရုပ်ရှင်လောကထဲမှာ လူသစ်ယောက်လို့ ပြောလို့ရပေမယ့် Ahn Hyo Seop က လွန်ခဲ့တဲ့ နှစ်အနည်းအငယ်အတွင်းမှာ ဖြေးဖြေးမှန်မှန် လှုပ်ရှားနေသူတစ်ယောက်ဖြစ်ပြီး မကြာသေးခင်က KBS ရုပ်သံရဲ့ “Father Is Strange” ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါတယ်။
“Clean With Passion for Now” ဇာတ်လမ်းတွဲကို “Waikiki” အပြီး ဧပြီလထဲမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
RII
#celebrity.thihtoolwin.com
Source: Soompi