Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “Are You Human, Too?” ဇာတ်လမ်းတွဲမှာ စက်ရုပ်အဖြစ်ပြောင်းသွားတဲ့ Seo Kang Joon

“Are You Human, Too?” ဇာတ်လမ်းတွဲမှာ စက်ရုပ်အဖြစ်ပြောင်းသွားတဲ့ Seo Kang Joon

| No comment


Seo Kang Joon နှင့် Gong Seung Yeon တို့ရဲ့ ဇာတ်လမ်းတွဲသစ်ကို အကြိုခံစားကြည့်လို့ရပါပြီ။

KBS 2TV ရုပ်သံက ထုတ်လွှင့်မည့် “Are You Human, Too?” ဇာတ်လမ်းတွဲမှာ Seo Kang Joon က ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းစုက သတိလစ်မေ့မြောနေသော အမွှေဆက်ခံသူ Nam Shin နေရာမှာ အစားထိုးဖို့ ဖန်တီးထားသည့် အဆင့်မြင့် AI စက်ရုပ် Nam Shin III နေရာက သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးသိပ္ပံ အချစ်ဇာတ်လမ်းမှာ Nam Shin III က လူသားမိန်းကလေးတစ်ယောက် (Gong Seung Yeon)ကို ချစ်မိသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

အကြိုခံစားချက်ထဲမှာ Nam Shin ဟာ အပေါ်ယံမြင်ရတဲ့အတိုင်း လူသားတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာကို Gong Seung Yeon ရဲ့ ဇာတ်ကောင်က သတိပြုမိလာချိန်မှာ Nam Shin ရဲ့ မိသားစုက စက်ရုပ်ရဲ့ ဇာတိရုပ်မှန်ကို ဖုံးကွယ်ဖို့ကြိုးစားတာကို မြင်ရမှာဖြစ်ပါတယ်။
                     
                       Trailer


RII

#celebrity.thithtoolwin.com

Source: Soompi