Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Avengers 4 ရိုက်ကွင်းပေါ်မှာ ပျော်ရွှင်ရယ်မောနေတဲ့ သရုပ်ဆောင်များ

Avengers 4 ရိုက်ကွင်းပေါ်မှာ ပျော်ရွှင်ရယ်မောနေတဲ့ သရုပ်ဆောင်များ

| No comment




နောက်နှစ်ထဲမှာ ရုံတင်ပြသမည့် အမည်မပေးရသေးတဲ့ Avengers 4 ရိုက်ကွင်းပေါ်မှာ ဓာတ်ပုံသစ်များထွက်ရှိလာပါတယ်။ ရိုက်ကွင်းပေါ်မှ ဓာတ်ပုံများရဲ့ သဘာဝအရ spoiler တွေလည်းပါဝင်နေပြီး မေးခွန်းထုတ်စရာတွေလည်း တွေ့ရပါတယ်။

ပထမဦးစွာ သတိပြုမိရမှာကတော့ ဒီဇာတ်ဝင်ခန်းမှာ Chris Evans သရုပ်ဆောင်တဲ့ Captain America က ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Avengers ဇာတ်ကားထဲက ဝတ်စုံကို ဝတ်ဆင်ထားတာပါပဲ။ ဒါပေမယ့် သူဘေးမှာ SHIELD jumpsuit ကို ဝတ်ဆင်ထားတဲ့ Iron Man, The Hulk, နှင့်  Paul Rudd သရုပ်ဆောင်တဲ့ Ant-Man တို့လည်း ရှိနေပါတယ်။ ဇာတ်ကောင်တိုင်းရဲ့ လက်ပေါ်မှာ ဆင်တူကိရိယာလေးတွေကိုလည်း တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါက ဘာကိရိယာများပါလိမ့်? ဒီဇာတ်ကားမှာ Time Stone ကို အသုံးပြီး ပထမဆုံး Avengers ဇာတ်ကားထဲက အဖြစ်အပျက်ကို အချိန်နောက်ပြန်သွားမှာလား? တခြား Avengers တွေကရော ဘယ်မှာလဲ?

Avengers: Infinity War အတွက် အတည်ပြုထားတဲ့ သရုပ်ဆောင်တွေကတော့ Robert Downey Jr., Chris Evans, Mark Ruffalo, Scalett Johansson, Chris Hemsworth, Anthony Mackie, Paul Bettany, Elizabeth Olson, Jeremy Renner, Chadwick Boseman, Sebastian Stan, Don Cheadle, Chris Pratt, Dave Bautista, Zoe Saldana, Pom Klementieff, Benedict Cumberbatch, Benedict Wong, Sean Gunn, Tom Holland, Josh Brolin နှင့် Paul Rudd တို့ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကနေ ဘယ်သူတွေက Avengers 4 မှာ အသက်ရှင်ကျန်နေခဲ့မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ့်။ အဲ့ဒီနောက်မှာတော့ Avengers တွေက အမည်မပေးရသေးတဲ့ နံပါတ် ၄ ဇာတ်ကားအတွက် ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်မှာ ပြန်လည်ဆုံစည်းရဦးမှာဖြစ်ပါတယ်။

photos: http://www.justjared.com/2018/01/10/chris-evans-avengers-co-stars-share-big-laugh-new-set-photos/

RII

#celebrity.thithtoolwin.com

Source: Comingsoon