Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Black Panther ဇာတ်ကားမှ ဇာတ်ကောင်များ၏ ရာဇဝင်များ

Black Panther ဇာတ်ကားမှ ဇာတ်ကောင်များ၏ ရာဇဝင်များ

| No comment
Black Panther Character Bios Released, New Preview Coming Next Week

Marvel Studios ရဲ့ Black Panther ဇာတ်ကားကို ကြည့်ရှုရဖို့ ရက်သတ္တပတ် ၆ ပတ်သာလိုပါတော့တာနှင့်အညီ ဇာတ်ကောင်များ၏ ရာဇဝင်များကို ဖော်ပြပေးလိုက်ပါတယ်။

Black Panther (T’Challa, သရုပ်ဆောင် Chadwick Boseman) – Wakanda နိုင်ငံရဲ့ ဘုရင်သစ် T’Challa က ဖခင်ဖြစ်သူ T’Chaka ကို ဆုံးရှုံးလိုက်ရတာကို ခံနိုင်ရည်ရှိဖို့ ကြိုးစားရုန်းကန်းနေရင်းကပဲ အဖေ့ခြေရာကို နင်းနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ နိုင်ငံတော်ကို ကျဆုံးစေမည့် ရန်သူနှစ်ယောက်က Wakanda ကို ဝိုင်းရံလာတဲ့အခါမှာတော့ Black Panther က ဝတ်စုံသစ်နှင့် အရှိန်မြင့်တင်ထားတဲ့ စွမ်းအား၊ အမြန်နှုန်း၊ အာရုံတွေကို အသုံးပြုပြီး Wakanda နိုင်ငံနှင့် ကမ္ဘာကြီးကို ဘေးအန္တရာယ်မှ ကာကွယ်ပေးရမှာဖြစ်ပါတယ်။

Okoye (သရုပ်ဆောင် Danai Gurira) - အမျိုးသမီးများသာ ပါဝင်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ Dora Milaje ရဲ့ ခေါင်းဆောင် Okoye ကတော့ Wakanda နိုင်ငံရဲ့ သစ္စာရှိ ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး ဘုရင်ကြီးကို မေးခွန်းထုတ်ဖို့ ဝန်မလေးတတ်ပေမယ့် ဘုရင်ကြီးကို အသက်နှင့်ရင်းပြီး ကာကွယ်မည့်သူတစ်ယောက်ဖြစ်ပါတယ်။ ဓလေ့ရိုးရာကို စွဲမြဲစွာယုံကြည်သူဖြစ်ပြီး တိုက်ရည်ခိုက်ရည်ရှိပြီး အာသွက်လျှာသွက်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ Wakanda နိုင်ငံရဲ့ ရှေးဟောင်းစည်းမျည်းစည်းကမ်းတွေကို T’Challa က စိန်ခေါ်စပြုလာတဲ့အခါမှာတော့ Okoye တစ်ယောက် နိုင်ငံနှင့် ဘုရင်ကြားမှာ ဗျာများရပါတော့တယ်။

Nakia (သရုပ်ဆောင် Lupita Nyong’o) - တိုင်းတစ်ပါးမှာ စစ်ဆင်ရေးလုပ်နေတဲ့ Wakanda လူမျိုး သူလျှိုကို သူမရဲ့ အဆက်ဟောင်း T’Challa က ပြန်ခေါ်လိုက်ပါတယ်။ အကူအညီလိုအပ်နေသူတွေကို သူမရဲ့ အရည်အချင်းနှင့် တစ်ပြားသားမှမလျှော့ဘဲ ကူညီပေးတတ်တာကြောင့် Nakia က အမြဲတမ်း ကြားညပ်နေရသူဖြစ်ပါတယ်။ ဘုရင်ကြီး T’Chaka နတ်ရွာစံပြီး Wakanda နိုင်ငံရဲ့ ရန်သူသစ်တွေ ထကြွလာတာကြောင့် Black Panther နှင့်အတူ တိုက်ပွဲဝင်ဖို့ Nakia က သူမရဲ့ ပရိယာယ်ဆင်ခြင်းနှင့် အနီးကပ်တိုက်ခိုက်စွမ်းရည်တွေကို အသုံးချခဲ့ပါတယ်။

 Shuri (သရုပ်ဆောင် Letitia Wright) – Shuri က T’Challa ရဲ့ ညီမဖြစ်ပြီး Great Mound  က တူးဖော်ထားတဲ့ Vibranium သတ္တုကို အသုံးပြုပြီး Black Panther ဝတ်စုံကဲ့သို့သော ခေတ်ဆန်လှတဲ့ နည်းပညာများကို ဒီဇိုင်ဖန်တီးပြီး တည်ဆောက်တဲ့ Wakandan Design Group ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူမက အသက်နှင့်မလိုက်အောင် တော်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ အစ်ကိုကြီးကို ရစ်ဖို့ အမြဲအသင့်ဖြစ်နေသူပါ။

Erik Killmonger (Erik Stevens, သရုပ်ဆောင် Michael B. Jordan) - Erik Stevens က တိုက်ပွဲထဲမှာ “Killmonger” ဆိုတဲ့ နာမည်ပြောင်ရလာတဲ့ အမေရိကန် black-ops စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ပျောက်ကွယ်သွားပြီးနောက်မှာ Black Panther နှင့် Wakanda နိုင်ငံတစ်ခုလုံးကို အန္တရာယ်ဖြစ်စေမည့် ခြိမ်းခြောက်မှုကြီးနှင့်အတူ ပြန်ပေါ်လာပါတယ်။ ဩဇာကိတ္တမ၊ တိုက်ခိုက်စွမ်းရည်နှင့် Wakanda ရဲ့ ဓလေ့ထုံးတမ်းတွေကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သိနားလည်နေတဲ့ Erik Killmonger ကတော့ T’Challa တန်ဖိုးထားရတဲ့ အရာအားလုံးအတွက် အန္တရာယ်ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပါပဲ။

M’Baku (သရုပ်ဆောင် Winston Duke) - မာကျောတဲ့ Jabari သစ်သား ချပ်ဝတ်တန်ဆာနှင့် တိုက်ပွဲဝင် ကျိုင်းကို ကိုင်ဆောင်ထားတဲ့ M’Baku ကတော့ Vibranium သတ္တု အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး Wakanda နိုင်ငံရဲ့ ခေတ်သစ်နေထိုင်မှုကနေ ခွဲထွက်နေတဲ့ Jabari မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဘုရင်ကြီး T’Chaka နတ်ရွာစံသွားတော့ M’Baku က ထီးနန်းလုဖို့ T’Challa ကို စိန်ခေါ်ရမလား ဒါမှမဟုတ် သူနှင့်ပေါင်းစည်းပြီး ပြင်ပရန်ကနေ Wakanda နိုင်ငံကို ကာကွယ်ရလားဆိုတဲ့ ရွေးချယ်မှုတွေနှင့် ကြုံတွေရမှာဖြစ်ပါတယ်။

Everett Ross (သရုပ်ဆောင် Martin Freeman) - Terrorism Task Force နှင့် ပတ်သက်ခဲ့ဖူးပြီး CIA အေးဂျင့်တစ်ယောက်ဖြစ်တဲ့ Everett Ross က ဘုံရန်သူ Ulysses Klaue နောက်ကို လိုက်ရာက T’Challa နှင့် ပြန်လည်ဆုံစည်းခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ နည်းဗျူဟာကျွမ်းကျင်သူဖြစ်ပြီး အဆင့်မြင့်လက်နက်တွေနှင့် လေ့ကျင့်ထားတဲ့ Ross က Black Panther အတွက် အဖိုးမဖြတ်နိုင်တဲ့ မဟာမိတ်တစ်ယောက်ဖြစ်လာပါတယ်။

Black Panther ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon