Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂ နှစ်အကြာမှာ တစ်ခန်းရပ်သွားခဲ့တဲ့ ဂျွန်စောနဲ့ ဂူဂူးတို့စုံတွဲ

၂ နှစ်အကြာမှာ တစ်ခန်းရပ်သွားခဲ့တဲ့ ဂျွန်စောနဲ့ ဂူဂူးတို့စုံတွဲ

| No comment

၂၀၁၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ 'The Third Way of Love' ဇာတ်ကားမှာ ဆုံတွေ့ခဲ့ကြပြီး လူသိရှင်ကြားလက်တွဲခဲ့ကြတဲ့ တောင်ကိုးရီးယားနာမည်ကျော် မင်းသား Song Seung Heon (ဂျွန်စော) နဲ့ တရုတ်နာမည်ကျော် မင်းသမီး Liu Yifei (ဂူဂူး) တို့ စုံတွဲကတော့ ၂ နှစ်ကျော် တွဲခဲ့အပြီးမှာ လက်တွဲဖြုတ်ခဲ့ကြပြီဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အားလပ်ချိန်မရှိတဲ့ အလုပ်ကိစ္စတွေကြောင့် အခုလိုပြတ်စဲခဲ့ကြတယ်လို့တော့ အေဂျင်စီတွေက အရိပ်အမြွက်ပြောကြားခဲ့ပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။

၂၀၁၇ ဧပြီလမှာတော့ သူတို့စုံတွဲရဲ့ ရင်သွေးလေးကို မြင်ရတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိခဲ့ကြပြီး အသက် ၄၁ နှစ်အရွယ် မင်းသားကတော့ ဟောလိဝုဒ်နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Bruce Willis နဲ့ Adrien Brody တို့ပါဝင်ထားတဲ့ The Bombing ဇာတ်ကားနဲ့အတူ မကြာခင်ရုံပေါ်ရောက်လာဖွယ်ရှိနေပါတယ်။

အသက် ၃၀ အရွယ် မင်းသမီးကတော့ Disney နာမည်ကျော် ကာတွန်း "Mulan" အတွက် မင်းသမီးအနေနဲ့ ပါဝင်ရိုက်ကူးလျက်ရှိနေပါတယ်။


Beauty

#celebrity.thithtoolwin.com

Ref : Aceshowbiz