Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၈ ခုနှစ်တွင် မကြည့်မဖြစ်ကြည့်သင့်သည့် ရုပ်ရှင် (၁၀) ကား

၂၀၁၈ ခုနှစ်တွင် မကြည့်မဖြစ်ကြည့်သင့်သည့် ရုပ်ရှင် (၁၀) ကား

| No comment
Image result for The 10 most must-see films of 2018, from the new 'Fantastic Beasts' to 'Mary Poppins'

၂၀၁၈ ခုနှစ်ကတော့ လူကြိုက်များပြီး အောင်မြင်ဖို့ သေချာသလောက်ဖြစ်နေတဲ့ ရုပ်ရှင်ကားတွေကို ငွေရောင်ပိတ်ကားပေါ်မှာ မြင်ရမည့် နှစ်တစ်နှစ်ပါပဲ။ နာမည်ကျော် Marvel ရုပ်ရှင်တွေကအစ Lady Gaga အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအဆုံး ကြည့်သင့်တဲ့ ဇာတ်ကားတွေအများကြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က အောင်မြင်တဲ့ ဇာတ်ကားကြီးတွေ အပြည့်ဖြစ်ခဲ့သလို ၂၀၁၈ ခုနှစ်ကလည်း Avengers, Mary Poppins ဇာတ်ကားသစ်၊ လူငယ် Dumbledore ဇာတ်ကားနှင့် Lady Gaga ရဲ့ ဇာတ်ကားတွေကြောင့် ဒီအပိုင်းမှာတော့ နှောင့်နှေးနေမှာ မဟုတ်ပါဘူး။

Alden Ehrenreich က အာကာသထဲက မှောင်ခိုသမားလေး Han Solo အဖြစ် သရုပ်ဆောင်ထားတဲ့ Solo: A Star Wars Story (မေလ ၂၅ ရက် ရုံတင်မည်), Ryan Reynoldsh ရဲ့ ပါးစပ်သရမ်းတတ်တဲ့ Deadpool 2 (ဇွန်လ ၁ ရက်), သန္ဓေပြောင်းသူတွေကို တွေ့မြင်ရမည့် X-Men: Dark Phoenix (နိုဝင်ဘာလ ၂ ရက်) နှင့် ဒိုင်နိုဆောတစ်သိုက်ကို တွေ့မြင်ရမည့် Jurassic World: Fallen Kingdom (ဇွန်လ ၂၂ ရက်) ဇာတ်ကားတွေမှာ ရင်းနှီးပြီးသား မျက်နှာတွေကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ Dakota Johnson နှင့် Jamie Dornan တို့ရဲ့ Fifty Shades Freed (ဖေဖော်ဝါရီလ ၉ ရက်) ကလည်း ချစ်သူများနေ့အမီ ပြသမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တွင် မကြည့်မဖြစ်ကြည့်သင့်သည့် ရုပ်ရှင် (၁၀) ကားကတော့

Okoye (Danai Gurira, left) and Nakia (Lupita Nyong'o)

'Black Panther' (ဖေဖော်ဝါရီလ ၁၆ ရက်)

Chadwick Boseman သရုပ်ဆောင်ထားတဲ့ Wakandan နိုင်ငံ ဘုရင်ကြီး T’Challa က အဓိကဇာတ်ကောင်ဆိုပေမယ့် သူ့ဘေးမှာ ဝန်းရံနေတဲ့ အမျိုးသမီးစစ်သည်တော်တွေကလည်း သူနှင့်တန်းတူ အစွမ်းထက်သူတွေဖြစ်ပါတယ်။ Okoye (Danai Gurira သရုပ်ဆောင်သည်) က T’Challa ရဲ့ လုံခြုံရေးတပ်ဖွဲ့ Dora Milaje ကို ဦးဆောင်ပြီး global operative Nakia (Lupita Nyong’o) ကတော့ “သူမရဲ့ အလုပ်ကို မြတ်နိုးသူတစ်ယောက်” ဖြစ်ကြောင်း Nyong’o က ပြောပြခဲ့ပါတယ်။ Nakia နှင့် T’Challa ရဲ့ ဆက်ဆံရေးက “အရေးပါ အရာရောက်” ကြောင်း သဲလွန်စပေးခဲ့ပြီး သူရဲ့ အုပ်စိုးမှုကို အတိုက်အခံတပ်တွေက စိန်ခေါ်လာချိန်မှာ “သူမရဲ့ သစ္စာစောင့်သိမှုက ဘယ်မှာရပ်တည်နေသလဲ၊ ဘယ်အရာက အရေးကြီးသလဲဆိုတာကို ဆုံဖြတ်ချက်ချရမှာပါ”  လို့ ပြောပြခဲ့ပါတယ်။ Wakandan နိုင်ငံနှင့် ပြည်သူတွေအပေါ် Okoye ရဲ့ သစ္စာစောင့်သိမှုက သူ့လို သရော်တတ်တဲ့ ဟာသဉာဏ်ရှိသော ရိုးရာဓလေ့ကိုင်းရှိုင်းသူရဲ့ တွန်းအားပါပဲ။ “ဒါကို စောင့်ရှောက်ဖို့က သူ့တာဝန်ဖြစ်ပြီး အဲ့ဒီတာဝန်ကို သူက အရမ်းအလေးအနက်ထားပါတယ်” လို့ Gurira က ပြောပြခဲ့ပြီး Wakandan နိုင်ငံက “အလွန်အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မိုက်တဲ့နေရာ” ဖြစ်ကြောင်း “လုံးဝယုတ္တိရှိပြီး အမှန်တကယ်ရှိတဲ့ ကမ္ဘာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာ နည်းနည်းတော့ ဟိတ်ဟန်ကြီးလွန်းတယ်”  လို့ ပြောပြခဲ့ပါတယ်။

Jennifer Lawrence stars as a Russian spy — and trained
'Red Sparrow' (မတ်လ ၂ ရက်)

ဒီသည်းထိတ်ရင်ဖို ဇာတ်ကားမှာ CIA အေးဂျင့်တစ်ယောက် (Joel Edgerton) နှင့် ရှုပ်ရှုပ်ထွေးထွေးပတ်သတ်နေတဲ့ ရုရှား လျှို့ဝှက်ထောက်လှမ်းသူ Dominika Egorova အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် James Bond လိုမဟုတ်ဘဲ Dominika က ဒီလောကထဲကို မဝင်ချင်ဘဲ ဆွဲသွင်ခံခဲ့ရတာပါ။ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဘဲလေးကချေသည်အဖြစ်ကို စွန့်လွှတ်လိုက်ရတဲ့အခါမှတော့ Sparrow School ကိုဝင်ရောက်ခဲ့ရပြီး သေစေနိုင်လောက်အောင် ညို့အားပြင်းသူတစ်ယောက်ဖြစ်လာအောင် သင်ကြားပေးခြင်းခံခဲ့ရပါတယ်။ “ကျွန်တော်က အထီးကျန်တဲ့ ခရီးလမ်းကို လျှောက်လှမ်းနေရတဲ့ အထီးကျန် ဇာတ်ကောင်တွေကို သဘောကျတတ်တယ်။ ဒါပေမယ့် ကြည့်ရှုသူတွေက ဇာတ်ကောင်နေရာမှာ ဝင်ပြီးခံစားကြည့်လို့ရတဲ့ ဇာတ်ကောင်တွေရဲ့ အကျပ်ရိုက်နေတဲ့ အခြေအနေကိုလည်း အရမ်းသဘောကျပါတယ်။ သူ့ရဲ့ ဇာတ်လမ်းက စပိုင်လောကထဲကို နိုင်ငံရေးအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် မြင်ကြည့်လို့ရတဲ့ အချက်အလက်တွေရှိပါတယ်” လို့ Lawrence ရဲ့ Hunger Games ဇာတ်ကား ၄ ကားထဲက ၃ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence က ပြောပါတယ်။ အဲ့ဒီစိတ်ခံစားချက်က Red Sparrow ဇာတ်ကားကို တခြားဇာတ်လမ်းတွေနှင့် ခွဲခြားပေးမှာပါ။
The highly-anticipated 'A Wrinkle in Time' from director
'A Wrinkle in Time' (မတ်လ ၉ ရက်)

ဂန္ထာဝင်မြောက် စိတ်ကူးယဉ် သိပ္ပံဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာ Ava DuVernay ရဲ့ ဇာတ်ကားမှာ ၁၄ နှစ်သမီး Storm Reid က သူမရဲ့ အဖေဖြစ်သူ ရူပနက္ခတ္တဗေဒပညာရှင် (Chris Pine) ကို ရှာဖွေဖို့အတွက် အချိန်နှင့် နေရာကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ခဲ့တဲ့ ကောင်မလေး Meg Murry အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒါက သူမ အဆင်သင့်မဖြစ်သေးတဲ့ ရှာဖွေမှုဖြစ်နေပါတယ်။ “Meg က အရမ်းကြောက်တတ်ပြီး သူ့ကိုယ်သူ မထိုက်တန်ဘူးလို့ ခံစားနေရပါတယ်။ သူ့ကိုယ်သူလည်း မချစ်တတ်ဘူး။ သူ့ကိုယ်သူ မယုံကြည်ဘူး၊ အရမ်းကြောက်တတ်တာကလည်း သိသာတယ်။ ကျွန်မသာဆိုရင်လည်း ကြောက်မိမှာပါပဲလေ” လို့ Reid က ပြောပြပါတယ်။ ဒါကြောင့်လည်း အရောင်အသွေးစုံလင်တဲ့ ခရီးသွား ၃ ယောက်ဖြစ်တဲ့ ကြင်နာတတ်သူ Mrs. Which  (Oprah Winfrey), အမြော်အမြင်ရှိသူ Mrs. Who (Mindy Kaling)နှင့် အဘွားတစ်ယောက်လိုဖြစ်တဲ့ Mrs. Whatsit  (Reese Witherspoon ) တို့က Meg နှင့် သူမရဲ့ ဖူးပွင့်စပြုလာတဲ့ ယုံကြည်မှုအတွက် အဓိကသော့ချက်ဖြစ်လာပါတယ်။ လူငယ်လေးရဲ့ ခရီးစဉ်တစ်လျှောက် “သူမ အဖေနှင့် ဆက်သွယ်နိုင်ဖို့အတွက် စကြဝဠာကြီးရဲ့ အလင်းရောင်နှင့် တစ်သားတည်းဖြစ်လာပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့အတွက် ပိုတော်တဲ့ Meg ဖြစ်လာပါတယ်” လို့ Reid က ပြောပြခဲ့ပါတယ်။
Steven Spielberg is bringing the 1980s to the 2040s
'Ready Player One' (မတ်လ ၃၀ ရက်)

ကမ္ဘာပျက်လုဆဲဆဲဖြစ်နေတဲ့ ၂၀၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး ၁၉၈၀ ခုနှစ်လွန်က ထွက်ရှိခဲ့တဲ့ Ernest Cline ရဲ့ ဝတ္ထုကို ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားသည့် ခေတ်ဟောင်းပုံစံ စိတ်ကူယဉ်သိပ္ပံဇာတ်လမ်းဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ပညာပေးဇာတ်လမ်းတစ်ခုသာမက စိတ်လှုပ်ရှားဖွယ် စွန်စားခန်းလည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ “၈၀ ခုနှစ်လွန်တုန်းက အဆိုးမြင်ဝါဒီတွေမရှိဘူးလေ။ ဒီတော့ ကျွန်တော်တို့ ဇာတ်လမ်းထဲမှာ လူတွေက အဲ့ဒီလိုခေတ်ကို ပြန်သွားဖို့ ကြိုးစားနေကြတယ်။ တကယ့်အပြင်က ဘဝမှာတော့ သူတို့က ၂၁ ရာစု ပထမပိုင်းခေတ် အပျက်အစီး ကွင်းပြင်ထဲမှာ နေကြရတာပါ” လို့ Spielberg က ပြောပြခဲ့ပါတယ်။ ဇာတ်လိုက် Wade Watts (Tye Sheridan) က ဝှက်ထားတဲ့ Easter egg ကို ရှာဖွေဖို့အတွက် စိတ်ကူးယဉ်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ Wade နှင့် Easter egg ရှာဖော်ရှာဖက် Samantha Cook (Olivia Cooke) တို့ရဲ့ ဆက်ဆံရေးကို Ready Player One ဇာတ်ကားထဲက လူမှုကွန်ယက်က တစ်ဆင့်မြှင့်ထားပါတယ်။ “သူတို့ရဲ့ တစ်မူထူးခြားတဲ့ စရိုက်ကို သိရပေမယ့် တကယ့်အပြင်က ဘဝမှာ လူချင်းမတွေ့ရမချင်း အဲ့ဒီလူက ဘယ်လိုလူလဲဆိုတာ မသိနိုင်ဘူးလေ။ ဒီတော့ ဒီလူက အမှန်အတိုင်းပြောနေတာ ဟုတ်ရဲ့လားဆိုတဲ့ သံသယကတော့ အမြဲတမ်းရှိနေမှာပဲ”

Magik (Anya Taylor-Joy, far left), Wolfsbane (Maisie
'The New Mutants' (ဧပြီလ ၁၃ ရက်)

သရဲကားဆန်ဆန် ရိုက်ကူးထားတဲ့ သန္ဓေပြောင်းလူစွမ်းကောင်းလေးတွေရဲ့ ဇာတ်လမ်းသစ်မှာ ဒါရိုက်တာ Josh Boone က sci-fi ပုံစံ X-Men ဇာတ်လမ်းအတိုင်းမဟုတ်ဘဲ Stephen King နှင့် One Flew Over the Cuckoo’s Nest ပုံစံဘက်ကို သွားထားပါတယ်။ New Mutants ဇာတ်ကားက သရဲခြောက်တဲ့ အိမ်ကြီး ရုပ်ရှင်ဇာတ်ကားမျိုးဖြစ်ပြီး မှော်ဆရာမလေး Magik (Anya Taylor-Joy), lycanthropic Wolfsbane (Maisie Williams), propulsive Cannonball (Charlie Heaton), solar-powered Sunspot (Henry Zaga) နှင့် psychic Mirage (Blu Hunt) တို့ ဆယ်ကျော်သက်လေး ၅ ယောက်က စိတ္တဇဆေးရုံလိုနေရာမျိုးက စိတ်ပိုင်းဆိုင်ရာအဆောင်မှာ ပိတ်ခံထားရတာဖြစ်ပါတယ်။ “ဒီကလေးတွေက X-Men ဖြစ်လာဖို့ကိုလည်း စိတ်မဝင်စားပါဘူး။ ကြောက်စရာကောင်းတာတွေဖြစ်ခဲ့တော့ အရမ်းဗရုတ်ကျနေပြီး ဒီအခြေအနေကနေ လွတ်မြောက်ဖို့ပဲ နည်းလမ်းကိုပဲ ကြိုးစားရှာဖွေနေကြတာပါ။ ကျွန်တော်တို့က ဒါကိုပြန်ယူလာပြီး သရုပ်ဆောင်မှုနှင့် ဇာတ်ကောင်အသားပေးပြီး ထွက်ခဲ့သမျှ X-Men ဇာတ်လမ်းတွေထက် ပိုအခြေခိုင်ပြီး ယုံကြည်ရလောက်အောင် လုပ်ဖို့ကြိုးစားထားပါတယ်” လို့ ၈၀ ခုနှစ်လွန်က ထွက်ခဲ့တဲ့ New Mutants ရုပ်ပြစာအုပ်တွေနှင့် ကြီးပြင်လာခဲ့တဲ့ ဇာတ်ညွှန်းတွဲဖက်ရေးသားသူ Knate Lee နှင့် Boone တို့က ပြောပြခဲ့ပါတယ်။

Rocket Raccoon (voiced by Bradley Cooper, left) and
'Avengers: Infinity War' (မေလ ၄ ရက်)

တိတယမြောက် Avengers ဇာတ်ကားမှာ Marvel ရဲ့ အင်အားအကြီးမားဆုံး စူပါဟီရိုးတွေအားလုံး ပါဝင်လာပါပြီ။ ဒါကတော့ အရင်ကမမြင်ဖူးတဲ့ အတွဲအဖက်တွေဖြစ်တဲ့ Tony Stark/Iron Man (Robert Downey Jr.) က Doctor Strange (Benedict Cumberbatch) နှင့်လက်တွဲတိုက်ခိုက်ပြီး Thor (Chris Hemsworth) က Guardians of the Galaxy တွေနှင့် တွေ့ရတော့မယ်ဆိုတဲ့ သဘောပါပဲ။ Downey ရဲ့ ၅ နှစ်အရွယ်သားလေးက Guardians နောက်ဆက်တွဲဇာတ်ကားရဲ့ အဖွင့်ဇာတ်ဝင်ခန်းကို ထပ်ခါတစ်လဲလဲကြည့်လေ့ရှိကြောင်းကို “အခုတော့ ဒီလူတွေက အဖေနဲ့ခင်တယ်လို့ ပြောပြလို့ရပြီလေ။ သူသာ ကံကောင်ရင် တစ်နေ့တော့ ရက်ကွန်းတစ်ကောင်နဲ့ မိတ်ဆက်ပေးလို့ရတော့မှာပေါ့” လို့ Iron Man ဇာတ်ကောင်ကို ၉ ကြိမ်မြောက်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးက ပြောပြခဲ့ပြီး မိတ်ဆွေဟောင်း Captain America (Chris Evans) နှင့် နောက်တစ်ခါ ထိပ်တိုက်တွေ့ရမည့် အကြောင်းကိုလည်း “အဲ့ဒါက ကျွန်တော့်အတွက်တော့ အခက်ခဲဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Evans ကိုတွေ့ရင် ကျွန်တော်က သူ့ဆီသွားပြီး နေကာမျက်မှန်က မိုက်လိုက်တာလို့ပဲ ပြောချင်နေတာလေ။ နောက်တော့ ကျွန်တော်က သူ့ကို စိုက်ကြည့်ပြီး စိတ်ဆိုးနေရတယ်။ ဒါပေမယ့် အဲ့ဒီဆက်ဆံရေးကလည်း တစ်မျိုးပြောင်းသွားတော့မှာပါ”

Bradley Cooper plays a country rocker and Lady Gaga
'A Star Is Born' (အောက်တိုဘာလ ၅ ရက်)

Bradley Cooper ကိုယ်တိုင်ရိုက်ကူး သရုပ်ဆောင်ထားပြီး ၄ ကြိမ်မြောက် ပြန်လည်ရိုက်ကူးထားတဲ့ ဂန္ဓဝင်မြောက် အချစ်ဇာတ်လမ်းမှာ Country အဆိုတော် Jackson Maine (Cooper) ဟာ နာမည်အထွတ်အထိပ်ရောက်လာချိန်မှာပဲ တက်သစ်စ အဆိုတော်မလေး Ally (Stefani Germanotta, aka Gaga) ကို ချစ်မိသွားပါတယ်။ Cooper က အဆိုတော် Lady Gaga နှင့်တွဲဖက်သရုပ်ဆောင်ရတာကို Silver Linings Playbook ဇာတ်ကားအတွက် Jennifer Lawrence နှင့်အတူ အကသင်ရတာနှင့် နှိုင်းယှဉ်ပြခဲ့ပါတယ်။ “လူစိမ်းနှစ်ယောက်က အားငယ်နေတဲ့အချိန်မှာ အချင်းချင်း သိကျွမ်းခွင့်ရတာထက်ကောင်းတာ မရှိတော့ပါဘူး။ Gaga နှင့် တကယ့်ကို အတွေ့အကြုံ ဖလှယ်ခွင့်ရခဲ့ပါတယ်။ ‘ခင်ဗျားက သီချင်းတွေအားလုံးကို ဝေမျှပေးပြီး ကျွန်တော်ကတော့ အလုပ်ကနေ သင်ယူထားသမျှတွေအားလုံးကို မျှဝေပေးမယ်’ အဲ့ဒီအပိုင်းမှာ ကျွန်တော် ကိုယ်ကိုကိုယ် သူ့လက်ထဲအပြည့်အဝ အပ်ထားလိုက်တယ်” လို့ မင်းသားက ပြောပြခဲ့ပါတယ်။ Cooper က သီချင်းတွေအားလုံးကို ကိုယ်တိုင်သီဆိုခဲ့ပြီး ပိတ်ကားပေါ်က ဂီတပညာရှင်ပုံစံမျိုးရအောင် သေချာသရုပ်ဆောင်ထားပါတယ်။ “ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအဆန်ဆုံး သရုပ်ဆောင်မှုဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဒီဇာတ်ကောင်ပုံစံကို တကယ်ရခဲ့ပါတယ်” လို့ သူကပြောပြခဲ့ပါတယ်။

The dark wizard Gellert Grindelwald (left, Johnny Depp)
'Fantastic Beasts: The Crimes of Grindelwald' (နိုဝင်ဘာလ ၁၆ ရက်)

ပထမဆုံးဇာတ်ကားမှာ မှော်ဝင်သတ္တဝါ ထိန်းသိမ်းစောင့်ရှောက်သူ Newt Scamander (Eddie Redmayne) ကို Harry Potter ရုပ်ရှင်လောကနှင့် မိတ်ဆက်ပေးခဲ့ပြီး သူ့ရဲ့ နောက်စွန့်စားခန်းတစ်ခုကတော့ ၁၉၂၀ ခုနှစ်လွန် နယူးယော့မြို့ကနေ ဥရောပသို့ ပြောင်းလဲသွားကာ Jude Law ကိုလည်း လူငယ် Albus Dumbledore အဖြစ် ပွဲထုတ်မှာဖြစ်ပါတယ်။ Harry ကို ကူညီပေးမည့် မှော်ဆရာကြီးဖြစ်မလာခင် ဆယ်စုနှစ်များစွာက Dumbledore ကတော့ Hogwarts ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး “ပိုနေမြဲ ကျားနေမြဲ ထုံးတမ်းအစဉ်အလားကို လက်မခံတတ်ဘဲ” ကျောင်းသားတွေအတွက် “စိတ်ဓာတ်ပြင်းပြသူ၊ ကျီစယ်တတ်သူ၊ လှုံ့ဆော်အားပေးတတ်သူတစ်ယောက်” ဖြစ်ကြောင်း ဒါရိုက်တာ David Yates က ပြောပြခဲ့ပါတယ်။ “Dumbledore က Newt ကို သူနှင့် စိတ်တူကိုယ်တူရှိပြီး၊ အထင်လွဲခံနေရတဲ့ အပယ်ခံတစ်ယောက်လို့ မြင်ပါတယ်။ တစ်ယောက်က တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသိအမှတ်ပြုကြတယ်။ လူစွမ်းကောင်းနှစ်ယောက်က ဖြုံလောက်တဲ့ ရန်သူဖြစ်ပြီး ‘မှော်ပညာမတတ်သူတွေကို မှော်ဆရာတွေထက် နိမ့်ကျတယ်လို့ ယူဆပြီး ဖိနှိပ်ချင်တဲ့’ အမှောင်မှော်ဆရာ Gellert Grindelwald (Johnny Depp) ကို ရင်ဆိုင်ရမှာပါ။ သူရဲ့ ငြင်းပယ်လို့မရတဲ့ ဆွဲဆောင်မှုကြောင့် မျက်ကန်းတစ္ဆေမကြောက် နောက်လိုက်နောက်ပါတွေရှိနေတဲ့ ဩဇာကြီးမားသူတစ်ယောက်ပါ” လို့ Yates က ပြောပြခဲ့ပါတယ်။

'Aquaman' marks the first solo film for Jason Momoa's
'Aquaman' (ဒီဇင်ဘာလ ၂၁ ရက်)

Justice League မှာ တန်းဖိုးကြီးမားတဲ့ ပင်လယ်ရေအောက်က Jason Momoa ရဲ့ စူပါဟီးရိုး စွမ်းအားကို အသာလေးပြခဲ့ပြီး ဒါရိုက်တာ James Wan ရိုက်ကူးတဲ့ တစ်ကိုယ်တော်ဇာတ်ကားမှာတော့ Arthur Curry က ပေါ်ယံမျက်နှာပြင်နှင့် ရေအောက်တိုင်းပြည် Atlantis ကြားမှာ ညှပ်နေပါတယ်။ “သူက သိပ်နေသားမကျဖြစ်နေပေမယ့် ဇာတ်လမ်းတစ်လျှောက်မှာတော့ လောကနှစ်ခုလုံးနှင့် သင့်တော်ကြောင်း နားလည်သွားပါတယ်။ အခြေအနေတွေအရ လူသားတစ်ယောက်လို ရင့်ကျက်လာပြီး ဒီစွမ်းအားတွေရှိနေတာ ဘာကြောင့်လဲဆိုတာကို နားလည်သွားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ Atlantis ကို ပုံဖော်ရတာဟာ Wan အတွက် “ကျွန်တော်တို့ ကမ္ဘာပေါ်က ဖြစ်ပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နဲ့ မရင်းနှီးတဲ့ မြင်ကွင်းကို ဖန်တီးခွင့်ရလိုက်တာ” ဖြစ်ပါတယ်။ သူက တော်တော်ဆိုးတဲ့ လူဆိုးတွေကိုလည်း ထုတ်သုံးဦးမှာပါ။ သူတို့ထဲက ခေါင်းဆောင်ကတော့ Aquaman ရဲ့ မဟာရန်ဘက်ဖြစ်တဲ့ Black Manta (Yahya Abdul-Mateen II) ဖြစ်ပါတယ်။ “သူ့ရဲ့ ရန်ငြိုးကတော့ အရမ်းရိုးရှင်းတဲ့  လက်စားချေတဲ့ ဇာတ်လမ်းပါပဲ။ ကျွန်တော်ကတော့ အဲ့ဒီလို ရိုးရှင်တဲ့ လူသားတွေရဲ့ တွန်းအားကို သဘောကျတယ်” လို့ Wan က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Jane (Emily Mortimer, left), John (Nathanael Saleh),
'Mary Poppins Returns' (ဒီဇင်ဘာလ ၂၅ ရက်)

စာရေးဆရာမ P.L. Travers ရဲ့ ဂန္ဓဝင်မြောက် ကလေးထိန်းဇာတ်ကောင်ကို သရုပ်ဆောင်ရတာ စကားနှင့်ဖော်ပြဖို့ ခက်ခဲကြောင်း Emily Blunt က အသိအမှတ်ပြုခဲ့ပေမယ့် “ပျော်ရွှင်ဖွယ်” “အကြွင်းမဲ့ မှော်ဆန်တယ်” ဆိုတဲ့ စကားလုံးတွေကို သုံးသွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်တုန်းက ဒီဇာတ်ကောင်ကို Julie Andrews က သရုပ်ဆောင်ခဲ့ပြီး အခုတော့ နောက်ဆက်တွဲဇာတ်လမ်းအတွက် မိုးပျံထီးကို Blunt ထံလက်ဆင့်ကမ်းလိုက်ပါပြီ။ စိတ်ဓာတ်ကျစရာကောင်းတဲ့ ၁၉၃၀ ခုနှစ်အလွန် ခေတ်အခါက လန်ဒန်မြို့မှာ ဇာတ်လမ်းတည်ထားပြီး အရွယ်ရောက်နေကြပြီဖြစ်တဲ့ Michael (Whishaw) နှင့် Jane (Mortimer) တို့က နောက်တစ်ခါလိုအပ်လာတဲ့အတွက် Poppins က ပြန်လည်ရောက်ရှိလာပါတယ်။ အရင်ခေတ်ကတော့ သကြားတစ်ဇွန်းက ဆေးသောက်ရာမှာ အထောက်အကူဖြစ်ပေမယ့် Blunt ရဲ့ Poppins ကတော့ Travers ရဲ့ စာအုပ်ထဲ ဇာတ်ကောင်နှင့် ပိုတူပါတယ်။ “စာအုပ်ထဲမှာ သူက သူများနှင့်မတူ တစ်မူထူးခြားပြီး ပေါပေါတောတောနဲ့ ရယ်စရာကောင်းတာ၊ အရမ်းကို မောက်မာပြီး ကလေးတွေကို ခပ်ရိုင်းရိုင်း ဆက်ဆံတာကို အရမ်းသဘောကျတယ်။ အင်္ဂလိပ်လူမျိုးတစ်ယောက်အနေနှင့် အချွဲအနွဲ့မပါတဲ့ ဆက်ဆံရေးက အရမ်းသက်ရောက်မှုရှိတယ်။ တစ်ယောက်ယောက်ကဝင်ပြီး အကုန်လုံးကို သန့်ရှင်းပြီး တသသဖြစ်မနေဘဲ အားလုံးကို နေရာတကျဖြစ်သွားအောင် မှော်ဆန်ဆန်လုပ်သွားတဲ့ စိတ်ကူးက စိတ်ချမ်းမြေ့စေတယ်” လို့ Blunt က ပြောပြခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Source: USAtoday