Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Captain Marvel ဇာတ်ကားအတွက် လေ့လာရေးဆင်းနေတဲ့ မင်းသမီး Brie Larson

Captain Marvel ဇာတ်ကားအတွက် လေ့လာရေးဆင်းနေတဲ့ မင်းသမီး Brie Larson

| No comment

အော်စကာဆုရှင် Brie Larson က Marvel Studios ၏ Captain Marvel ဇာတ်ကားထဲက အဓိကဇာတ်ကောင် Carol Danvers အတွက် အလေးအနက်ထားပြီး Nevada က Nellis Air Force Base မှာ F-15 တိုက်လေယာဉ်ကို လေ့လာနေကြောင်း Instagram မှာ တင်ထားပါတယ်။

နောက်ထပ် Captain Marvel ဇာတ်ကားနှင့် ပတ်သက်တဲ့ သတင်းကတော့ Samuel L. Jackson က ၉၀ ခုနှစ်လွန်က ငယ်ရွယ်တဲ့ Nick Fury အဖြစ် ပါဝင်မည့်အကြောင်း The AV Club ကို မကြာသေးခင်က ပြောပြခဲ့တာပါ။

“ကျွန်တော်တို့က ခေတ်နောက်ပြန်ပြီး ကျွန်တော်က Captain Marvel ကို မူရင်းဇာတ်လမ်းမှာ တွေ့ရမှာပါ။ Nick Fury ကို မျက်လုံးနှစ်ဖက်လုံး ပကတိအကောင်းတိုင်းရှိနေတဲ့ လူတစ်ယောက်အဖြစ်တွေ့ရမှာဆိုတော့ အကြီးအကျယ်ပဲပေါ့။ ခင်ဗျားတို့ တွေ့ပါလိမ့်မယ်။ မျက်လုံး မထိခိုက်ခင်ကဆိုတော့ မျက်စိကာမပါပါဘူး” လို့ Jackson က ပြောပြခဲ့ပါတယ်။

မျက်စိရှင်ရှင်ထားပြီး ကြည့်တတ်တဲ့ Marvel ပရိသတ်တွေအတွက်တော့ Captain America: The Winter Soldier မှာ Robert Redford ရဲ့ဇာတ်ကောင် Alexander Pierce က Bogotá, Colombia က S.H.I.E.L.D. ဌာနမှာ လက်ထောက်ဦးစီချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ငယ်ရွယ်ပြီး မျက်လုံးနှစ်ဖက်ရှိတဲ့ Nick Fury ရဲ့ ဓာတ်ပုံကို Steve Rogers ကို ပြသခဲ့တာကို အမှတ်ရနေမယ်ဆိုရင် Jackson ပြောသလောက် ကြီးကျယ်မှာ မဟုတ်ပါဘူး။

Captain Marvel ဇာတ်ကားမှာ Brie Larson, Samuel L. Jackson, Ben Mendelsohn, DeWanda Wise နှင့် Jude Law တို့ ပါဝင်မှာဖြစ်ပါတယ်။ ဒါရိုက်တာ Anna Boden နှင့်Ryan Fleck (Mississippi Grind) တို့က ရိုက်ကူးမှာဖြစ်ပါတယ်။ နောက်ဆုံးဇာတ်ညွှန်းအကြမ်းကို Geneva Robertson-Dworet (upcoming Tomb Raider နှင့် Gotham City Sirens) က ရေးသားထားပါတယ်။ ပထမဆုံး ဇာတ်ညွှန်းအကြမ်းကိုတော့ Meg LeFauve (Inside Out) နှင့် Nicole Perlman (Guardians of the Galaxy) တို့က ရေးသားခဲ့ပါတယ်။ ဒီဇာတ်ကားကို Kevin Feige ကထုတ်လုပ်မှာပါ။ Stan Lee နှင့်အတူ Marvel Studios မှ Louis D’Esposito, Victoria Alonso နှင့် Jonathan Schwartz တို့က အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားကြပါတယ်။

ပုံမှန် Marvel ရုပ်ပြဇာတ်လမ်းတွဲထဲမှာတော့ Carol Danvers က ၁၉၆၈ ခုနှစ်ထုတ် Marvel Super-Heroes #13 မှာ ပထမဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်လေတပ်မှာ Security Chief အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Danvers ဟာ နောက်ပိုင်းမှာ Kree နည်းပညာပေါက်ကွဲမှုတစ်ခုကြောင့် စူပါဟီးရိုး Ms. Marvel အဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ Danvers ကို  Kree စူပါဟီးရိုး အဖြစ် အဆင့်တိုးမြှင့်ခံရပြီးနောက်ပိုင်းမှ Captain Marvel အဖြစ်ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

Captain Marvel ဇာတ်ကားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Comingsoon