Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chinese Historical Drama မှာ ပါဝင်သရုပ်ဆောင်မည့် EXO အဖွဲ့ဝင် Lay

Chinese Historical Drama မှာ ပါဝင်သရုပ်ဆောင်မည့် EXO အဖွဲ့ဝင် Lay

| No comment

နန်းတွင်းဇာတ်လမ်းတွဲသစ်မှာ တရုတ်မင်းသမီး Tang Wei နှင့်အတူ EXO အဖွဲ့ဝင် Lay က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

“Empress of the Ming” လို့အမည်ရတဲ့ ဒီဇာတ်လမ်းတွဲက ငယ်စဉ်က မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ Sun Ruowei ကို ဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမက အိမ်ရှေ့စံမင်းသား Zhu Zhanji ရဲ့ ကိုယ်လုပ်တော်ဖြစ်လာပြီး သူမရဲ့ မိသားစု သေဆုံးရခြင်းနောက်ကွယ်က အကြောင်းရင်းကို စုံစမ်းပါတယ်။

Tang Wei က မိဖုရား Sun Ruowei အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Lay က သူမရဲ့ သားဖြစ်သူ Zhu Qizhen အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Lay က ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်အမျိုးမျိုးမှာ သရုပ်ဆောင်ခဲ့ပေမယ့် ဒါကတော့ ပထမဆုံး ရိုးရာ ရာဇဝင် ဇာတ်လမ်းတွဲဖြစ်ပါတယ်။

“Empress of the Ming” ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

လတ်တလောမှာ Lay ရဲ့ “Goodbye Christmas” သီချင်းဗီဒီယိုလည်း ထွက်ရှိခဲ့ပြီး “Produce 101” တရုတ်ဗားရှင်းအတွက် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi