Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့ဝင် Suho ပါဝင်သော “Rich Man, Poor Woman” ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

EXO အဖွဲ့ဝင် Suho ပါဝင်သော “Rich Man, Poor Woman” ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

| No comment

ဂျပန်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူး “Rich Man, Poor Woman” က ပွဲဦးထွက်မပြသခင်မှာ ထူးခြားတဲ့ ဇာတ်လမ်းနမူနာကို ထုတ်လွှင့်လိုက်ပါတယ်။

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rich Man, Poor Woman” ဂျပန်ဇာတ်လမ်းတွဲက အောင်မြင်တဲ့ IT ကုမ္ပဏီတည်ထောင်သူတစ်ယောက်နှင့် နာမည်ကြီးတက္ကသိုလ်မှာ တက်ရောက်နေပြီး အလုပ်ရှာဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသူလေးတစ်ယောက်တို့အကြောင်းကို ရိုက်ကူထားတာဖြစ်ပါတယ်။

EXO အဖွဲ့ဝင် Suho က IT ကုမ္ပဏီ “Next In” ရဲ့ CEO Lee Yoo Chan အဖြစ် သရုပ်ဆောင်မှာပါ။ အစစ်အမှန်နှင့်တူတဲ့ ကုမ္ပဏီရဲ့ website, Twitter နှင့် Facebook accounts တွေကို ဇန်နဝါရီလ ၁၇ ရက်က ဖော်ပြခဲ့ပါတယ်။ Suho ပါဝင်ထားတဲ့ လူသစ်စုဆောင်းမှု ကြော်ငြာဗီဒီယိုကိုလည်း website နှင့် လူမှုကွန်ယက်တွေမှာ တင်ခဲ့ပါတယ်။

Next In ရဲ့ website နှင့် Facebook စာမျက်နှာထက်မှာ “CEO Lee Yoo Chan နှင့်အတူ လောကကြီးကို ပြောင်းလဲပေးမည့် တစ်စုံတစ်ယောက်ကို Next In က ရှာဖွေနေပါတယ်” ဆိုတဲ့စာသားနှင့်အတူ လူသစ်စုဆောင်းမှု ကြော်ငြာဗီဒီယိုကို မျှဝေထားပါတယ်။

Next In ရဲ့ website မှာ အစစ်အမှန် website တစ်မှာရှိသင့်တဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ CEO က ကုမ္ပဏီကို မိတ်ဆက်ပေးတဲ့ စာတစ်စောင်လည်းပါဝင်ပါတယ်။ ဒီနေရာမှာ ဝန်ထမ်းသစ်ခေါ်တဲ့ ကြေညာစာသစ်တစ်စောင်ကိုလည်း သေးစိတ်ဖော်ပြထားပါသေးတယ်။ စာထဲမှာ မည်သူမဆို အလုပ်လျှောက်နိုင်ကြောင်းနှင့် ပထမအဆင့်မှာ လျှောက်လွှာတင်ပြီး ဒုတိယအဆင့်မှာ လူတွေ့စစ်ဆေးပြီး လက်တွေ့စာမေးပွဲ ဖြေဆိုရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ CEO Lee Yoo Chan က “အရည်အချင်း ပြည့်မီသူကို ရှာဖွေနေတာ မဟုတ်ပါဘူး။ လောကကြီးကို ပြောင်းလဲနိုင်မည့်သူကို ရှာဖွေနေတာပါ။ စိတ်အားထက်သန်ပြီး ပါရမီအပြည့်ရှိတဲ့သူတွေကို လိုချင်ပါတယ်” လို့ ပြောပြထားပါတယ်။

                        Teaser:
     

 RII

#celebrity.thithtoolwin.com

Source: Soompi