Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Fifty Shades Freed ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

Fifty Shades Freed ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

| No comment

မျှော်လင့်ချက်တွေ မြင့်မားပြီး စောင့်စားနေကြတဲ့ Fifty Shades ဇာတ်လမ်းတွဲ၏ တတိယမြောက်ဇာတ်လမ်း Fifty Shades Freed အတွက် ဇာတ်လမ်းနမူနာသစ်ကို Universal Pictures က ဖော်ပြလိုက်ပါပြီ။ နမူနာသစ်ရဲ့ အဆုံးသတ်နားမှာ လှည့်ကွက်လေးထည့်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ရောင်းအားအကောင်းဆုံး Fifty Shades စာအုပ်ရဲ့ တတိယမြောက် စာအုပ်ကို အခြေခံထားတဲ့ Fifty Shades Freed ဇာတ်ကားထဲမှာ Jamie Dornan နှင့် Dakota Johnson တို့က Christian Grey နှင့် Anastasia Steele အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ဝင်ငွေ ဒေါ်လာသန်း ၉၅၀ နီးပါရရှိခဲ့တဲ့ ဇာတ်ကားတွေကို ချဲ့ထွင်ထားတဲ့ ဇာတ်ကားသစ်ကတော့ ၂၀၁၈ ခုနှစ် Valentine’s Day မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် ပြသမည့် ဒီဇာတ်ကားမှာ Eric Johnson, Eloise Mumford, Rita Ora, Luke Grimes, Victor Rasuk, Max Martini, Callum Keith Rennie, Bruce Altman, Arielle Kebbel, Robinne Lee, Brant Daugherty, with Kim Basinger နှင့် Marcia Gay Harden တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

Fifty Shades Freed ဇာတ်ကားကို Fifty Shades Darker ကို ရိုက်ကူးခဲ့တဲ့ James Foley (Fear, House of Cards) က ရိုက်ကူးမှာဖြစ်ပြီး Michael De Luca, Dana Brunetti နှင့် Marcus Viscidi တို့က ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ E L James နှင့်အတူ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ James ရဲ့ ဝတ္တုကို အခြေခံပြီး Niall Leonard က ဇာတ်ညွှန်းရေးသားထားပါတယ်။

Trailer: https://www.youtube.com/watch?v=8V08Gu1DOgE

RII

#celebrity.thithtoolwin.com

Source: Comingsoon