Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၇ ခုနှစ် Forbes ၏ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်များ စာရင်းတွင် Vin Diesel, Dwayne Johnson နှင့် Gal Gadot တို့ ဦးဆောင်

၂၀၁၇ ခုနှစ် Forbes ၏ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်များ စာရင်းတွင် Vin Diesel, Dwayne Johnson နှင့် Gal Gadot တို့ ဦးဆောင်

| No comment

Forbes က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဝင်ငွေအကောင်းဆုံးစာရင်းအရ Vin Diesel က ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နေပါတယ်။ The Fate of the Furious မင်းသားက ဇာတ်လမ်းတွဲရဲ့ ၈ ကားမြောက်ဇာတ်ကားထဲက ဇာတ်ကောင်ရဲ့ ကျေးဇူးနှင့် ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတစ်လွှား လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားထဲက သူ့ရဲ့ တွဲဖက်သရုပ်ဆောင် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သရုပ်ဆောင်ကြေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ Dwayne “the Rock” Johnson ကတော့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံနှင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဝဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Fate of the Furious ဇာတ်ကားက ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံရရှိခဲ့ပြီး ဒီနှစ်ထဲမှာ Johnson ရဲ့ နောက်ထပ်နာမည်ကြီးဇာတ်ကားတစ်ခုဖြစ်တဲ့ Baywatch ကတော့ အမေရိကန်ဒေါ်လာ ၁၇၈ သန်းသာ ရရှိခဲ့ပါတယ်။ ဒီထဲမှာ ဇာတ်ကားသစ် Jumanji: Welcome to the Jungle ရဲ့ ဝင်ငွေတော့မပါဝင်သေးပါဘူး။

Forbes စာရင်းရဲ့ တတိယနေရာမှာ ပါဝင်လာသူကတော့ ဒီနှစ်ထဲမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရရှိခဲ့တဲ့ Wonder Woman မင်းသမီး Gal Gadot ဖြစ်ပါတယ်။ အမေဇုံတော်ဝင်မင်းသမီးအဖြစ် သူမရဲ့ သရုပ်ဆောင်မှုက ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ ၈၂၂ သန်း ရရှိခဲ့ပါတယ်။ Justice League ဇာတ်ကားမှာ ပါဝင်မှုအတွက်လည်း “သန်းပေါင်းများစွာ” ရရှိခဲ့ကြောင်း Forbes က တင်ပြခဲ့ပါတယ်။

Star Wars: The Last Jedi သရုပ်ဆောင်များဖြစ်တဲ့ Daisy Ridley နှင့် John Boyega တို့ကလည်း ဒီနှစ်ထဲမှာ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်လာပါတယ်။ ဒီနှစ်ထဲမှာ Murder on the Orient Express ဇာတ်ကားမှာလည်း ပါဝင်ခဲ့တဲ့ Ridley က အမေရိကန်ဒေါ်လာ ၁.၀၈ ဘီလီယံနှင့် နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ Detroit ဇာတ်ကားမှာလည်း ပါဝင်ခဲ့တဲ့ Boyega က အမေရိကန်ဒေါ်လာ ၈၁၅ သန်းနှင့် နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်က Scarlett Johansson ဖြစ်ပြီး Chris Evans, Robert Downey Jr., Margot Robbie နှင့် Amy Adams တို့က ထိပ်ဆုံး ၅ ယောက်စာရင်းမှာ ဝင်ခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com

Source: EW