Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၉ ခုနှစ်မတိုင်မှီအထိ Game of Thrones ဇာတ်လမ်းတွဲပြန်လာဦးမှာ မဟုတ်

၂၀၁၉ ခုနှစ်မတိုင်မှီအထိ Game of Thrones ဇာတ်လမ်းတွဲပြန်လာဦးမှာ မဟုတ်

| No comment


HBO ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ ဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season ကို ၂၀၁၉ ခုနှစ် မတိုင်မီအထိ ထုတ်လွှင့်သွားဖွယ်မရှိကြောင်း အတည်ပြုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကောလဟလထွက်ခဲ့တဲ့အတိုင်း ဖြစ်လာခဲ့တာ ဖြစ်ပြီး နောက်ဆုံး Season မှာ ပိုမို ရှုပ်ထွေးတဲ့ ဇာတ်လမ်းနဲ့ အတူ နောက်ထပ် ထပ်မံ ထုတ်လုပ်သွားဖို့ ရှိတဲ့ Spinoff Serie တွေအတွက်လည်း အချိန်ယူ ပြင်ဆင်သွားဖို့ ရှိနေပါတယ်။

Network ရဲ့ ပြောကြားချက်အရ ရှစ်ခုမြောက် Season မှာ အပိုင်း ၆ပိုင်း ပါဝင်မှာ ဖြစ်ပြီး Season 7 ရဲ့ ၅၉ မိနစ်ကျော်ကြာမြင့်တဲ့ ပြသချိန်လိုမျိုး ထပ်မံ ရှည်လျားဖို့ ရှိပါတယ်။ နောက်ဆုံး Season အတွက် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာတွေကိုလည်း ထုတ်ပြန်ခဲ့ပြီး Season 5 မှာ စတင်ပါဝင်လာခဲ့တဲ့ David Nutter က အပိုင်းသုံးပိုင်းရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Miguel Sapochnick က အပိုင်းနှစ်ပိုင်းရိုက်ူးမှာ ဖြစ်ပြီး ဇာတ်ညွှန်းတွေအနေနဲ့ Benioff နဲ့ Weiss တို့ အပြင် Bryan Cogman နဲ့ Dave Hill တို့လို ဘဲတွေလည်း ပါဝင်လာမှာပါ။

ဒါရိုက်တာတွေထဲမှာ Season 7 ရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeremy Podeswa, Alan Taylor, Matt Shakman နဲ့ Mark Mylod တို့ထဲက တစ်ဦးမှပါဝင်လာခြင်းမရှိပါဘူး။

Bruce

#celebrity.thithtoolwin.com

Ref: The Verge.