Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဖေဖော်ဝါရီလမှာ စစ်မှုထမ်းတော့မည့် မင်းသား Lee Hyun Woo

ဖေဖော်ဝါရီလမှာ စစ်မှုထမ်းတော့မည့် မင်းသား Lee Hyun Woo

| No comment

Lee Hyun Woo က စစ်မှုထမ်းဆောင်ဖို့ကို မိမိဆန္ဒအရ စတင်တော့မှာဖြစ်ပါတယ်။

မင်းသားက ဥပဒေအရ အကြောင်းကြားစာ ရောက်လာတဲ့အထိ မစောင့်တော့ဘဲ မကြာခင်မှာပဲ ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းဆောင်ဖို့ စတင်တော့မှာဖြစ်ကြောင်း Content Y အေဂျင်စီက ဇန်နဝါရီလ ၇ ရက်က ကြေညာခဲ့ပါတယ်။

 ဖေဖော်ဝါရီလထဲမှာ တာဝန်ထမ်းဆောင်ဖို စီစဉ်ထားပြီး အသေးစိတ်ကိုတော့ Lee Hyun Woo က ပရိသတ်တွေကို တိုက်ရိုက်အသိပေးသွားမှာဖြစ်ပါတယ်။

“ကြိုးကြိုးစားစား စစ်မှုထမ်းဆောင်ပြီး ပြန်လာရင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်” လို့ အေဂျင်စီက ကြေညာခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi