အသစ်ထွက်ရှိလာမည့် Fifty Shades Freed ဇာတ်ဝင်သီချင်းတွေထဲမှာ အဓိကဖြစ်တဲ့ electro-pop အမျိုးအစား "For You" သီချင်းမှာ Liam Payne နှင့် Rita Ora တို့က အပြန်အလှန်သီဆိုထားပါတယ်။
"In your eyes, I'm alive, Inside
One Direction နောက်ပိုင်းမှာ "Strip That Down" (featuring Quavo), "Get Low" (with Zedd) နှင့် "Bedroom Floor" သီချင်းတွေ ထွက်ရှိခဲ့ပြီး "For You" သီချင်းက Payne ရဲ့ ၄ ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Ora က သူမရဲ့ အယ်လ်ဘမ်သစ်မှာပါဝင်မည့် "Your Song" နှင့် "Anywhere" သီချင်း ၂ ပုဒ်ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ ပွဲဦးထွက် အယ်လ်ဘမ်က ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။
Fifty Shades ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်ဖြစ်တဲ့ Fifty Shades Freed ဇာတ်ကားကို Valentine's Day မတိုင်ခင် ဖေဖော်ဝါရီလ ၉ ရက်မှာ ပြသမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Source: RollingStone