Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'Lord of the Rings' TV စီးရီးအတွက် စတင်အလုပ်လုပ်နေပြီဖြစ်ကြောင်း Amazon အတည်ပြု

'Lord of the Rings' TV စီးရီးအတွက် စတင်အလုပ်လုပ်နေပြီဖြစ်ကြောင်း Amazon အတည်ပြု

| No comment

ငယ်ငယ်တုန်းကတည်းက ကြည့်ခဲ့၊ သဘောကျခဲ့ရတဲ့ The Lord of the Rings ဇာတ်ကားကို နောက်ထပ်တစ်ဖန် Live Action အနေနဲ့ တွေ့ရတော့မှာပါ။

Game of Thrones ရဲ့ နောက်မှာ Amazon ဟာ Lord of the Rings TV စီးရီးကို ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ထားတဲ့နောက်မှာ ယခုအခါမှာတော့ ဒီသတင်းကို အတည်ပြုလိုက်ပါပြီ။

Amazon Studios ဟာ Original series ကို ထုတ်လုပ်သွားမှာ ဖြစ်ပြီးတော့ Tolkins ရဲ့ ဂန္တဝင်စာအုပ်ကို "Storyline" အသစ်နဲ့ တွေ့ရနိုင်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ ဒီဝတ္ထုရှည်ကို ယခင်က The Lord of the Rings နာမည်အောက်ကပဲ အော်စကာ စီးရီးလိုက်ရခဲ့တဲ့ ဂန္တဝင် Trilogy ဇာတ်ကားအဖြစ် တင်ဆက်ခဲ့ဖူးပါတယ်။

ဒီထုတ်ဖော်မှုကို Amazon Studios ရဲ့ CEO ဖြစ်သူ Jeff Bezos က ကိုယ်တိုင် အတည်ပြုခဲ့တာပါ။ သတင်းတွေဟာ ယခင်က စတူရီယိုရဲ့ ဥက္ကဌဟောင်း Roy Price ရဲ့ "Game of Thrones" ဆန်ဆန် မဟာရှိုးတစ်ခုကို ထုတ်လုပ်ဖို့ ရှိကြောင်း ထုတ်ဖော်ပြောကြားမှုကတစ်ဆင့် သတင်းတွေပြန့်ခဲ့တာ ဖြစ်ပါတယ်။

Bezos က "Lord of the Rings" ဓာတ်ပုံနဲ့အတူ "Middle Earth ထံ ဦးတည်နေတဲ့ Amazon Prime" လို့ စာရေးပြီး Tweet လုပ်ခဲ့တာပါ။

Amazon Studios ရဲ့ စီးရီး ဇာတ်ညွှန်းရေးဆရာ Sharon Tal Yguado ကလည်း ထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး " 'The Lord of the Rings' ဟာ မျိုးဆက်တိုင်းနဲ့ ပရိတ်သတ်တိုင်းကို ပိတ်ကားထက်မှာ အကြီးအကျယ်ဖမ်းစား၊ ပုံရိပ်ယူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ကြောင်း၊ Middle Earth ကိုသွားမယ့် ခရီးရှည်မှာ ဇာတ်ကားပရိတ်သတ်တွေနဲ့ ထုတ်လုပ်သူတွေကြားမှာ အကောင်းဆုံးဖြစ်အောင် ပြုလုပ်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

Bruce

#celebrity.thithtoolwin.com

Ref: Business Insider, Engadget