Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel’s Black Widow တစ်ကိုယ်တော် ဇာတ်ကားကို ပရိသတ်တွေ ကြည့်ရတော့မှာလား?

Marvel’s Black Widow တစ်ကိုယ်တော် ဇာတ်ကားကို ပရိသတ်တွေ ကြည့်ရတော့မှာလား?

| No comment
A standalone Black Widow movie is looking more likely with Jac Schaeffer on the script

ပရိသတ်တွေက Scarlett Johansson ဦးဆောင်တဲ့ Black Widow တစ်ကိုယ်တော် ဇာတ်ကားကို ရိုက်ကူးစေချင်တဲ့ သူတို့ရဲ့ ဆန္ဒကို အမြဲတမ်း ထုတ်ပြောလေ့ရှိကြပါတယ်။ ကြည့်ရတာတော့ Disney/Marvel က ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အရမ်းကို နီးစပ်နေပါပြီ။ တက်သစ်စ ဇာတ်ညွှန်းရေးဖွဲ့သူ Jac Schaeffer ကို ဒီဇာတ်ကားအတွက် တာဝန်ပေးထားပြီးဖြစ်ကြောင်း Variety ၏ တင်ပြချက်အရ သိရပါတယ်။

Marvel ဥက္ကဌ Kevin Feige က ဒီတာဝန်အတွက် သင့်တော်သူများစွာနှင့် တွေ့ဆုံခဲ့ပြီး Marvel အလုပ်မှုဆောင်များကလည်း Scarlett Johansson နှင့် တွေ့ဆုံပြီး ဒီဇာတ်ကားအပေါ် ထင်မြင်ချက်များကို ဆွေးနွေးခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဇာတ်ညွှန်းရေးဖွဲ့သူများနှင့် မတွေ့ခင် ကျေးဇူးတော်ချီးမြှင့်ပွဲ ဝန်းကျင်လောက်က ကျင်ပခဲ့တာဖြစ်ကြောင်း သတင်းထောက် Justin Kroll က Twitter မှာ ရေးသားခဲ့ပါတယ်။ Black Widow ဇာတ်ကားက အစောပိုင်း ဇာတ်လမ်းတည်ဆောက်ဆဲ အဆင့်မှာပဲ ရှိနေသေးပြီး မီးစိမ်းမပြသေးကြောင်း သိရပါတယ်။ Marvel ဘက်ကတော့ Black Widow ဇာတ်လမ်းနှင့် ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပါဘူး။

Schaeffer ကို baby shower ကျင်းပနေစဉ်မှာ ဂြိုဟ်သားတွေ ကျူးကျော်ဝင်ရောက်လာတဲ့ The Shower ဇာတ်ကား ဇာတ်ညွှန်းနှင့် လူသိများပါတယ်။ ဒီဇာတ်ကားကို Anne Hathaway က ရိုက်ကူးမှာဖြစ်ပါတယ်။ သူမကို Dirty Rotten Scoundrels ဇာတ်ကားကို ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး Hathaway အပါဝင် မင်းသမီးများ ခေါင်းဆောင်ပါဝင်မည့် Nasty Women (ယာယီအမည်) ကို ရေးသားသူအဖြစ်လည်း သိကြပါတယ်။

Scarlett Johansson က Avengers: Infinity War ဇာတ်ကားထဲမှာ Natasha Romanov တစ်ဖြစ်လဲ Black Widow အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

၁၀ နှစ်တာ သက်တမ်းရှိပြီဖြစ်တဲ့ Marvel Cinematic Universe ရဲ့ လူစွမ်းကောင်းတွေအားလုံးကို ခေါ်ဆောင်လာတဲ့ Marvel Studios ၏ “Avengers: Infinity War” ဇာတ်ကားမှာ သေကြေမှုအများဆုံး နောက်ဆုံးပိတ် ဗိုလ်လုပွဲကို ပိတ်ကားပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စွမ်းအားကြီးမားတဲ့ Thanos ရဲ့ တိုက်ခိုက်ဖျက်စီမှုကြောင့် စကြဝဠာကြီး မပျက်စီးသွားခင် Avengers များနှင့် မဟာမိတ်လူစွမ်းကောင်းများက သူ့ကို နှိမ်နင်းဖို့ စွန့်လွှတ်အနစ်နာခံရမှာဖြစ်ပါတယ်။


RII

#celebrity.thithoolwin.com

Source: Comingsoon