Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mission: Impossible 6 ဇာတ်ကားအမည်နှင့် ပထမဆုံး ပုံရိပ်ကို Tom Cruise ဖော်ပြ

Mission: Impossible 6 ဇာတ်ကားအမည်နှင့် ပထမဆုံး ပုံရိပ်ကို Tom Cruise ဖော်ပြ

| No comment

Tom Cruise က Mission: Impossible ဇာတ်ကားသစ်၏အမည်နှင့် ပထမဆုံး ပုံရိပ်ကို လူမှုကွန်ယက်မှာ ဒီမနက်က ဖော်ပြခဲ့ပါတယ်။ ၆ ကားမြောက်ဇာတ်ကားကို Mission: Impossible – Fallout ဟု အမည်ပေးထားပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

“၆ ကားမြောက် #MissionImpossible ကို ဈေးကွက်တင်လိုက်ပါပြီ။ ခင်ဗျားတို့ကို ပြချင်လှပြီဗျာ” လို့ Cruise က ပြောထားပါတယ်။

အကောင်းဆုံး ရည်ရွယ်ချက်တွေက တစ်ခါတစ်ရံမှာ ခြောက်လှန့်ဖို့ ပြန်ရောက်လာတတ်ပါတယ်။ Mission: Impossible – Fallout မှာ စစ်ဆင်ရေးတစ်ခု ကမောက်ကမဖြစ်သွားပြီးတဲ့နောက်မှာ Ethan Hunt (Tom Cruise) နှင့် သူ့ရဲ့ IMF အဖွဲ့ (Alec Baldwin, Simon Pegg, Ving Rhames) တို့နှင့်အတူ ရင်းနှီးပြီးသား မဟာမိတ်အချို့ (Rebecca Ferguson, Michelle Monaghan) ကို အချိန်လုပြီးပြေးနေရတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Henry Cavill, Angela Bassett နှင့် Vanessa Kirby တို့လည်းပါဝင်ထားပါတယ်။

Mission: Impossible ဇာတ်လမ်းတွဲကို ၁၉၆၆ ခုနှစ်မှာ CBS ရုပ်သံ၏ မူရင်း တီဗီဇာတ်လမ်းတွဲအဖြစ် စတင်ခဲ့တာဖြစ်ပြီး seasons ၇ ခုနှင့် အပိုင်းပေါင်း ၁၇၁ ပိုင်း ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ABC ရုပ်သံက rebooted အဖြစ် Mission: Impossible ဇာတ်လမ်းတွဲကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြည့်ရှုမည့်သူမရှိတာကြောင့် ကျရှုံးခဲ့ရပြီး seasons ၂ ခုတည်းနှင့် ဖျက်သိမ်းခဲ့ပါတယ်။ ဆယ်စုနှစ်တစ်စုလောက်နီးပါး အကြာမှာ Tom Cruise ဦးဆောင်တဲ့ Mission: Impossible ရုပ်ရှင်ဟာ တီဗီဖန်သားပြင်ပေါ်က စပိုင်ဇာတ်လမ်းတွဲလေးကို အောင်မြင်မှုကြီးမားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ်ပြောင်းပေးလိုက်တာပါ။

Paramount Pictures ရဲ့ ဇာတ်ကားကို Mission: Impossible Rogue Nation ကို ရိုက်ကူးခဲ့တဲ့ Christopher McQuarrie ကပဲ ရေးသား ရိုက်ကူးထားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon