Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NFL China ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရပြီး Super Bowl LIVE မှာ ဖျော်ဖြေမည့် Kris Wu

NFL China ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရပြီး Super Bowl LIVE မှာ ဖျော်ဖြေမည့် Kris Wu

| No comment

Kris Wu ကို လာမည့် Super Bowl LII အတွက် တရားဝင်ကိုယ်စားလှယ်အဖြစ် NFL China က ခန့်အပ်လိုက်ပါတယ်။

EXO အဖွဲ့ဝင်ဟောင်းက Super Bowl LII မတိုင်ခင် ၁၀ ရက်တာ အကြီးအကျယ် ကျင်းပလေ့ရှိတဲ့ အခမဲ့ဖျော်ဖြေပွဲ Verizon's Super Bowl LIVE မှာ ဖျော်ဖြေမှာဖြစ်ကြောင်း NFL.com က ဖော်ပြခဲ့ပါတယ်။

Kris ရဲ့ ဖျော်ဖြေမှုက Super Bowl မကျင်းပခင် တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၃ ရက်မှာ ကျရောက်ပါတယ်။

“ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အားကစားတွေနှင့် ဖျော်ဖြေမှုအခမ်းအနားတွေထဲက တစ်ခုမှာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတာ ဝမ်းသာကြည်နူးမိပါတယ်။ ကစားပွဲကြီးဆီကို ဦးတည်သွားမည့် Super Bowl LIVE မှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တဲ့ NFL နှင့် Minnesota Super Bowl Host Committee ကို ကျေးဇူးတင်ပါတယ်။ Tencent ရဲ့ သတင်းပေးပို့ချက်မှာပါဝင်ပြီး ကစားပွဲနေ့မှာ ကြုံတွေရမည့် ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ကမ္ဘာတစ်လွှားက ပရိသတ်တွေနှင့် မျှဝေပေးဖို့ မျှော်လင့်နေပါတယ်” လို့ Kris က တရားဝင်ထုတ်ပြန်ချက်မှာ ပြောပြခဲ့ပါတယ်။

ဒီအားကစားကို တရုတ်ပြည်မှာ ကြည့်ရှုသူပရိသတ် တိုးပွားလာနေပြီး Kris ရဲ့ ကမ္ဘာတစ်လွှားမှာ အောင်မြင်ကျော်ကြားမှုနှင့် လူမှုကွန်ယက်ပေါ်က ပရိသတ်များကြောင့် ရွေးချယ်ခဲ့တာဖြစ်ကြောင်း NFL.com က ဖော်ပြခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Source: SBS