Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Pacific Rim Uprising ဇာတ်လမ်းနမူနာသစ်နှင့် ပိုစတာသစ်ထွက်ရှိလာ

Pacific Rim Uprising ဇာတ်လမ်းနမူနာသစ်နှင့် ပိုစတာသစ်ထွက်ရှိလာ

| No comment

Pacific Rim Uprising ဇာတ်လမ်းနမူနာသစ်နှင့် ပိုစတာသစ်ကို Legendary Pictures နှင့် Universal Pictures မှ ဖော်ပြပေးလိုက်ပါတယ်။

အကြီးအကျယ်ပျက်စီးမှုတွေကို ဖြစ်ပွားစေတဲ့ မကောင်းဆိုးဝါးများနှင့် ၄င်းတို့ကို နှိမ်နင်းဖို့ တည်ဆောက်ထားပြီး လူထိန်းချုပ်တဲ့ super-machines များကြားက ပဋိပက္ခဟာ Pacific Rim Uprising ဇာတ်ကားထဲမှာ လူသားမျိုးနွယ်ကို သဲကြီးမဲကြီးတိုက်ခိုက်လာမည့် ရှေ့ပြေးနိမိတ်ပဲရှိပါသေးတယ်။

John Boyega (Star Wars: The Last Jedi) က တစ်ချိန်တုန်းက အလားလာကောင်းတဲ့ Jaeger ပိုက်လော့တစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ အထိန်းအချုပ်ကို လက်မခံတတ်တဲ့ Jake Pentecost အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့အဖေကတော့ “Kaiju” မကောင်းဆိုးဝါးတွေကို လူသားတွေအတွက် အနိုင်ရအောင်ယူရင်း အသက်စွန့်သွားခဲ့ပါတယ်။ အဲ့ဒီကတည်းက Jake တစ်ယောက် လေ့ကျင့်ရေးကို စွန့်ခွာခဲ့ပြီး မြေအောက်ရာဇဝတ်သားများနှင့် ပတ်သက်မိလာပါတယ်။ ဒါပေမယ့် မြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို ဒူးထောက်အရှုံးပေးစေမည့် ပိုမိုကြီးမားတဲ့ အန္တရာယ်က ခြိမ်းခြောက်လာတဲ့အခါမှာတော့ စစ်ပွဲရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာပြီး ရဲရင်တဲ့ ပိုက်လော့သစ်တွေကို ဦးဆောင်နေတဲ့ အစ်မဖြစ်သူ Mako Mori (Rinko Kikuchi) က Jake ကို အဖေရဲ့ ခြေရာကို မီအောင်နင်းနိုင်ဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ ကျဆုံးသွားသူတွေအတွက် တရားမျှတမှုကို ရှာဖွေရင်း သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ မျိုးသုဉ်းပျက်စီးစေမည့် စွမ်းအာကို ဆန့်ကျင်ပြီး အတူတကွ ကမ္ဘာအနှံ့မှာ ပုန်ကန်ထကြွဖို့ပါပဲ။

သူ့အတွက် နောက်ဆုံးကျန်တဲ့ မိသားစုက PPDC က လူစွမ်းကောင်းတွေဖြစ်လာတဲ့အခါမှာတော့ Jake က ပါရမီရှင် ပြိုင်ဖက် ပိုက်လော့ Lambert (The Fate of the Furious‘ Scott Eastwood) နှင့် ၁၅ နှစ်သား Jaeger hacker Amara (newcomer Cailee Spaeny) တို့နှင့် ပူးပေါင်းခဲ့ပါတယ်။ ကမ္ဘာမြေပေါ်က အစွမ်းထက်ဆုံး ခုခံရေးတပ်ဖြစ်လာပြီး အံ့မခန်းဖွယ် စွန့်စားခန်းအသစ်စက်စက်ကို လျှောက်လှမ်းမှာဖြစ်ပါတယ်။

Pacific Rim Uprising ဇာတ်ကားထဲမှာ Jing Tian, Burn Gorman, Adria Arjona နှင့် Charlie Day တို့လည်းပါဝင်ပါတယ်။ ဒါရိုက်တာ Steven S. DeKnight (Netflix’s Daredevil, STARZ’s Spartacus) ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို 2D, 3D နှင့် IMAX ရုပ်ရှင်ရုံတွေမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် စတင်ပြသမှာဖြစ်ပါတယ်။

Trailer: https://www.youtube.com/watch?v=8BAhwgjMvnM

   RII

  #celebrity.thihtoolwin.com

  Source: Comingsoon