Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Park Bo Gum ရဲ့ ဘဝမှာ အရေးပါဆုံးအရာ ၃ ခု

Park Bo Gum ရဲ့ ဘဝမှာ အရေးပါဆုံးအရာ ၃ ခု

| No comment

Park Bo Gum က ဖေဖော်ဝါရီလထုတ် Vogue Taiwan မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

စာရေးထားတဲ့ ကဒ်အထပ်လိုက်ကြီးကို Park Bo Gum က မွှေနှောက်ပြီး သူ့ဘဝမှာ အရေးပါဆုံးကို အမှတ်အသားပြုထားတဲ့ ကဒ် ၃ ခုကို ရွေးချယ်ပြတဲ့ အင်တာဗျူး ဗီဒီယိုတစ်ခု ဇန်နဝါရီလ ၈ ရက်က ထွက်လာပါတယ်။

မင်းသား ပထမဆုံး ရွေးချယ်လိုက်တာကတော့ “လေ့လာခြင်း” ဖြစ်ပြီး “လေ့လာမှုဆိုတာကို စက္ကန့်နှင့်အမျှ လုပ်နေရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘဝမှာ အရေးကြီးဆုံးကတော့ သင်ယူခြင်းပါပဲ။ သရုပ်ဆောင်တစ်ယောက်အနေနှင့် ကျွန်တော့်အလုပ်ကလည်း လေ့လာသင်ယူနေရတာပဲလေ။ ရှေ့လျှောက် နိုင်ငံခြားဘာသာစကားလည်း သင်ယူချင်တယ်။ ပြီးတော့ သင်ယူရမယ် အရာတွေအများကြီးရှိသေးတယ်လို့ ထင်ပါတယ်” လို့  ရှင်းပြပါတယ်။

Park Bo Gum က “ဟန်ချက်ညီမှု” ကိုလည်း ရွေးချယ်ခဲ့ပြီး “ကျွန်တော်နှင့် ကျွန်တော့်အလုပ်၊ ဘဝ၊ အပန်းဖြေချိန်တွေနှင့် သင့်တော်တဲ့ ဟန်ချက်ညီမှုကို လိုအပ်တယ်လို့ ထင်ပါတယ်။ တစ်ခုခုဘက်ကို ယိမ်းယိုင်တာ ဒါမှမဟုတ် ဟန်ချက်ညီမှုကို ရှာဖွေဖို့က အရေးကြီးဆုံးပါပဲ” လို့ ပြောပြခဲ့ပါတယ်။

နောက်ဆုံးအနေနှင့် “ပျော်ရွှင်မှု” ကို ရွေးချယ်ခဲ့ပြီး “စဉ်းစားကြည့်လိုက်ရင် အရေးပါတဲ့ အရာတွေအားလုံးက ဒီမှာပါနေတယ်လို့ ထင်ပါတယ်။ လေ့လာနေတုန်းမှာ တစ်ခုခုကို သိရှိလာရတာကလည်း ပျော်စရာဖြစ်ပြီးတော့ ဘဝမှာ သင့်တော်တဲ့ ဟန်ချက်ညီမှုကို ရှာတွေ့တာကလည်း ပျော်ရွှင်မှုပါပဲ” လို့ ပြောသွားပါတယ်။

“ဒါတွေကတော့ ကျွန်တော့ဘဝမှာ အရေးပါဆုံးတွေပါပဲ။ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်”လို့ Park Bo Gum က အဆုံးသတ် ဖြေကြားသွားပါတယ်။
                   
                    Interview:

                              Bts:



RII

#celebrity.thithtoolwin.com

Source: Soompi