Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Park Bo Gum က ဘယ်လိုသရုပ်ဆောင်မျိုး ဖြစ်ချင်တာလဲ

Park Bo Gum က ဘယ်လိုသရုပ်ဆောင်မျိုး ဖြစ်ချင်တာလဲ

| No comment

မင်းသား Park Bo Gum ရဲ့ ဓာတ်ပုံရိုက်ကူးရေးမှ ပုံရိပ်အချို့နှင့် အင်တာဗျူးတစ်စိတ်တစ်ပိုင်းကို Vogue Taiwan မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ Park Bo Gum က သူ ဘယ်လိုသရုပ်ဆောင်မျိုးဖြစ်ချင်တယ်၊ သူ့ရဲ့ ဇာတ်ကောင်တွေအတွက် ဘယ်လိုလေ့လာတယ်ဆိုတာတွေကို ပြောပြခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ Park Bo Gum က ထူးခြားတဲ့ အဆင်ပါရှိတဲ့ ရှပ်အင်္ကျီကအစ အနောက်တိုင်းဝတ်စုံအဆုံး အမျိုးမျိုးကို သက်သောင့်သက်သာပဲ ဝတ်ဆင်ပြထားပါတယ်။

“ကျွန်တော် သရုပ်ဆောင်စလုပ်ခဲ့ ၆ နှစ် ၇ နှစ်လောက်ရှိပြီ။ အဲ့ဒီအချိန်က ကြာပြီလို့ပြောရင်လည်း တော်တော်ကြာပြီလို့ထင်ရသလို တိုတယ်လို့ပြောရင်လည်း တော်တော်တိုသေးတယ်လို့ထင်ရမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အလုပ်တွေအများကြီး မလုပ်ရသေးဘူးလို့ ခံစားမိတယ်။ ဇာတ်ကောင်ပုံစံမျိုးစုံ ကြိုးစားကြည့်ချင်လို့ အဲ့လိုခံစားမိတာဖြစ်မယ်ထင်တယ်” လို့ ပြောပြပါတယ်။ ဘယ်လိုဇာတ်လမ်းမျိုးမှာ သရုပ်ဆောင်မယ်ဆိုတာကို သေချာရွေးချယ်ကြောင်းကိုလည်း “ဇာတ်ညွှန်းကို သေချာဖတ်ပါတယ်။ ဇာတ်ကောင်ကို အချိန်ကြာကြာ လေ့လာသုံးသပ်တယ်။ သူဘယ်လိုနေထိုင်သလဲ၊ ဘာအကြောင်းတွေ စဉ်းစားတတ်သလဲဆိုတာမျိုးတွေပေါ့” လို့ ပြောပြခဲ့ပါတယ်။

Park Bo Gum ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကတော့ လူတွေကို စိတ်ခံစားချက်တွေ၊ အမှတ်တရတွေ ပေးနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပါ။ “ဘယ်တော့မှ သရုပ်ဆောင်ဖြစ်မလဲဆိုတာကို မသိသေးတဲ့အချိန်ကနေ အခုချိန်ထိ ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေနှင့် နွေးထွေးမှုချင်း ဖလှယ်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပါပဲ။ လူတွေဆီ တိကျတဲ့ စိတ်ခံစားချက်တစ်ခုကို ပို့ဆောင်ပေးပြီး အမှတ်တရတွေ ချန်ထားပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။ ပြည်သူလူထုအပေါ်မှာ ကောင်းမွန်တဲ့ လွှမ်းမိုးမှုရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။


RII

#celebrity.thtithoolwin.com

Source: Soompi