Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “Radio Romance” ဇာတ်လမ်းတွဲမှ အဓိကဇာတ်ကောင် ပိုစတာများ ထွက်ရှိလာ

“Radio Romance” ဇာတ်လမ်းတွဲမှ အဓိကဇာတ်ကောင် ပိုစတာများ ထွက်ရှိလာ

| No comment

KBS ရုပ်သံမှ အသစ်ထုတ်လွှင့်မည့် “Radio Romance” ဇာတ်လမ်းတွဲမှ Highlight အဖွဲ့ဝင် Yoon Doojoon, Kim So Hyun, Yoon Park နှင့် Girl’s Day အဖွဲ့ဝင် Yura တို့၏ ဇာတ်ကောင် ပိုစတာများ ထွက်ရှိလာပါတယ်။

Yoon Doojoon က ထိပ်တန်းကြယ်တစ်ပွင့်ကနေ ဇာတ်ညွှန်းမရှိရင် ဘာမှမလုပ်တတ်တဲ့ ရေဒီယိုဒီဂျေတစ်ယောက်ဖြစ်လာတဲ့ Ji Su Ho အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ပိုစတာပေါ်မှာ သူ့ကို “ရေဒီယိုအကြောင်း မသိနားလည်သူတစ်ယောက်” အဖြစ်ဖော်ပြထားပြီး “ကျွန်တော်တစ်ယောက်တည်း ငိုနေတယ်လို့ ထင်ထားခဲ့ပေမယ့်… မသိခဲ့ဘူး။ အားလုံးကလည်း ငိုနေတယ်ဆိုတာ…” ဆိုသည့် စာသားများ ပါဝင်ပါတယ်။ သူ့ဇာတ်ကောင်က ရေဒီယိုဒီဂျေ ရာထူးသစ်ကြောင့် အပြောင်းအလဲတွေ တွေ့ကြုံရမည်လို့ ယူဆရပါတယ်။

Kim So Hyun က Ji Su Ho နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Song Geu Rim အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမက ဇွဲလုံ့လရှိကာ စိတ်ရှည်သည်းခံတတ်သူဖြစ်ပြီး “ရေဒီယိုက သူမအတွက် အလွန်အရေးပါသူတစ်ယောက်” အဖြစ်ဖော်ပြထားပြီး ပိုစတာပေါ်မှာ ပါရှိတဲ့ “ကျွန်မ ထင်တယ်… ကောင်းကင်ဘုံမှာလည်း ရေဒီယိုနားထောင်လို့ရမှာပဲ။ လှိုင်းနှုန်း မှန်နေသ၍ပေါ့” ဆိုတဲ့ စာသားတွေက သူမက ရေဒီယိုကို ဘယ်လောက်မြတ်နိုးကြောင်း သက်သေပြနေပါတယ်။

Yoon Park က “ရေဒီယိုကို ရူးသွပ်သူတစ်ယောက်” ဖြစ်တဲ့ ရေဒီယို ပရိုဂျူဆာ Lee Kang အဖြစ် သရုပ်ဆောင်ထားပါတယ်။  သူ့ရဲ့ ပိုစတာပေါ်မှာတော့ “ရေဒီယိုနှင့် အနေစိမ်းတဲ့သူတွေနှင့် မိတ်ဆွေဖြစ်လာရတာမျိုးက… ကျွန်တော်တို့လို လူမျိုးတွေ လုပ်သင့်တဲ့အလုပ် မဟုတ်လား?” ဆိုတဲ့ စာသားတွေပါဝင်ပါတယ်။

Yura က ထိပ်တန်းမင်းသမီးဟောင်းတစ်ယောက်ဖြစ်ပြီး “အချစ်ကို စိတ်ကူးယဉ်တတ်သူတစ်ယောက်” ဖြစ်တဲ့ Jin Tae Ri အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ပိုစတာပေါ်မှာတော့ “ဒီမှာ idol… ကျွန်မနောက်ကွယ်မှာ အတင်းပြောနေပြီး အဲ့ဒီလို ပြုံးပြတော့ ရိုင်းရာကျတာပေါ့” ဆိုတဲ့ ဟာသမြောက်ပြီး ပြင်းထန်တဲ့ စာသားတွေက သူမရဲ့ မာနကြီးတဲ့ ဇာတ်ကောင်စရိုက်ကို ဖော်ပြနေပါတယ်။

“Radio Romance” ဇာတ်လမ်းတွဲမှာ ရင့်ကျက်ခြင်း၊ ပြောင်းလဲခြင်းနှင့် Ji Su Ho နှင့် Song Geu Rim တို့ရဲ့ အလုပ်ရှုပ်ပြီး မှန်းဆရခက်တဲ့ ရေဒီယိုဌာနတွင်းက အချစ်ဇာတ်လမ်းတွေပါဝင်ပါတယ်။ ဒီဇာတ်လမ်းတွဲကို “Jugglers” ဇာတ်သိမ်းပြီးနောက် ဇန်နဝါရီလ ၂၉ ရက် ကိုရီးယားစံတော်ချိန် ညနေ ၁၀ နာရီမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi