Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မကြာခင်မှာ တွေ့မြင်ရတော့မယ့် ဂျနီဖာလောရင့်စ်ရဲ့ Red Sparrow ဇာတ်ကားသစ်

မကြာခင်မှာ တွေ့မြင်ရတော့မယ့် ဂျနီဖာလောရင့်စ်ရဲ့ Red Sparrow ဇာတ်ကားသစ်

| No comment

 မနေ့က 20th Century Fox ထုတ်လုပ်ရေးကနေ တရားဝင်အနေနဲ့ မင်းသမီး ဂျနီဖာလောရင့်စ်ရဲ့ ဇာတ်ကားသစ်Red Sparrow ကို ထုတ်ဖော်လိုက်ပါတယ်။

Dominika Egorova အနေနဲ့ ဇာတ်ဆောင်ထားတဲ့ ဂျနီဖာကတော့ ဒီဇာတ်ကားထဲမှာ အမေ့အတွက် ကုန်ကျစရိတ်အကုန်အကျခံပြီး ပြုစုစောင့်ရှောက်ပေးနေတဲ့  ကြေးစား မာစတာတိုက်ခိုက်ရေးသမား စရိုက်မျိုးကို သရုပ်ဆောင်ထားပါတယ်။

တစ်နေ့မှာတော့ သူ့ရဲ့ ကြေးစား တိုက်ခိုက်ရေးသမားဘဝကို အဆုံးသတ်သွားစေနိုင်တဲ့ ဒဏ်ရာတစ်ခုကို ရရှိခဲ့ပြီးသူမနဲ့ သူမရဲ့ အမေအတွက် မရေရာတဲ့ အနာဂတ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဂျနီဖာကတိုက်ခိုက်ရေးပညာတွေသင်ကြားပေးတဲ့ Sparrow School ကို ရောက်ရှိသွားခဲ့ပြီး ကျောင်းထွက်တွေထဲမှာ အကြမ်းဆုံး တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် ဂျနီဖာဖြစ်လာပုံကို ရိုက်ကူးထားတာပါ။

Red Sparrow ဇာတ်ကားမှာတော့ Joel Edgerton, Matthias Schoenaerts, Charlotte Rampling, Mary-Louise Parker နဲ့ Jeremy Irons တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး လာမယ့် မတ်လ ၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။


Beauty

#celebrity.thithtoolwin.com

 Ref : Coming Soon