Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Superman ရဲ့အဘိုးအကြောင်း ရိုက်ကူးထားသည့် Krypston ဇာတ်လမ်းတွဲ နမူနာထွက်ရှိလာ

Superman ရဲ့အဘိုးအကြောင်း ရိုက်ကူးထားသည့် Krypston ဇာတ်လမ်းတွဲ နမူနာထွက်ရှိလာ

| No comment
The Full Krypton Trailer is Here!

လပေါင်းများစွာ စောင့်မျှော်ခဲ့ရပြီးနောက်မှာတော့ Superman မမွေးခင် ရာစုနှစ်ပေါင်းများစွာ သူ့ရဲ့ အမိမြေအကြောင်း ရိုက်ကူးထားတဲ့ Krypston ဇာတ်လမ်းတွဲ နမူနာအပြည့်အစုံကို Syfy ရုပ်သံက ဖော်ပြလိုက်ပါပြီ။

ဒီဇာတ်လမ်းတွဲကို Superman ရဲ့ “prequel” ဇာတ်လမ်းတွဲအဖြစ် သဘောမထားတော့ဘဲ ၇ နှစ်၊ ၈ နှစ်စာ ပြသဖို့ စီစဉ်ထားပြီး ဒီဂြိုဟ်ရဲ့ ရှိပြီးသား အစဉ်အလာအတိုင်း လိုက်နာချင်ဖို့ မသေချာသေးကြောင်း Krypston ဇာတ်လမ်းတွဲ ထုတ်လုပ်သူများက TCA မှာ ပြောပြခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲက Arrow, The Flash နှင့် Supergirl တို့နှင့် ပတ်သက်ဆက်နွယ်မှုမရှိတာကြောင့် မင်းသား Tyler Hoechlin ကို Superman အဖြစ် မြင်ရဖို့ မျှော်လင့်ထားလို့ မရနိုင်ပေမယ့် Krypston ဇာတ်လမ်းတွဲရဲ့ ကိုယ်ပိုင် Man of Steel ကိုတော့ မြင်ရနိုင်ခြေရှိပါတယ်။

ဒဏ္ဍာရီလာ Man of Steel မွေးဖွားရာဇာတိဂြိုဟ် မပျက်စီးခင် မျိုဆက်နှစ်ခု အလိုမှာ အခြေတည်ထားတဲ့ Krypston ဇာတ်လမ်းတွဲမှာ အရှက်တကွဲနှင့် ဝိုင်ပယ်ထားခြင်းခံခဲ့ရတဲ့ El မိသားစုက Superman ရဲ့အဘိုး (Cameron Cuffe, The Halcyon) ဟာ မိသားစု ဂုဏ်ကျက်သရေကို ပြန်အဖတ်ဆယ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ ဂြိုဟ်ကို ကယ်တင်ဖို့ ကြိုးစားပါတယ်။ Superman ကို တွဲဖက်ဖန်တီးခဲ့တဲ့ Jerry Siegel အမည်နှင့် ၁၉၈၀ ခုနှစ်နှောင်းပိုင်းမှာ John Byrne ရေးသားခဲ့တဲ့ “The World of Krypton” လို့အမည်ရတဲ့ ရုပ်ပြစာအုပ်အပိုင်းတိုကို အစွဲပြုပြီး Seg-El ဟုအမည် ပေးထားခြင်းဖြစ်ပါတယ်။ Cameron Cuffe က Seg-El အဖြစ်၊ Georgina Campbell က Lyta Zod အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Krypston ဇာတ်လမ်းတွဲမှာ Cameron Cuffe, Georgina Campbell, Elliot Cowan, Ann Ogbomo, Rasmus Hardiker, Wallis Day, Aaron Pierre, Ian McElhinney နှင့် Shaun SIpos တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

DC က ဇာတ်ကောင်တွေကို အခြေခံထားတဲ့ Krypston ဇာတ်လမ်းတွဲကို David S. Goyer (Man of Steel, Batman v Superman: Dawn of Justice, The Dark Knight trilogy) တို့က အမှုဆောင်ထုတ်လုပ်သူ အဖြစ်ဆောင်ရွက်ထားပါတယ်။ Cameron Welsh (Ash vs Evil Dead) က အမှုဆောင်ထုတ်လုပ်သူနှင့် showrunner အဖြစ်ဆောင်ရွက်ထားပါတယ်။

Krypston ဇာတ်လမ်းတွဲကို မတ်လ ၂၁ ရက်တွင် Syfy ရုပ်သံမှ ပွဲဦးထွက် ပြသမှာဖြစ်ပါတယ်။
                       
                       Trailer:


RII

#celebrity.thithtoolwin.com

Source: Comingsoon