Suzy က သူမရဲ့ အယ်လ်ဘမ်သစ်ထဲက ပထမဆုံးသီချင်းကို ဖော်ပြလိုက်ပါပြီ။
သူမရဲ့ အကြိုသီချင်းသစ် “In Love with Someone Else” က ဇန်နဝါရီလ ၂၂ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာပါတယ်။
အရင်ထွက်ရှိခဲ့တဲ့ “Pretend” သီချင်းကို ရေးသားခဲ့တဲ့ Armadillo ကပဲ ရေးသားပေးထားတာဖြစ်ပြီး အရမ်းချစ်ရတဲ့ တစ်ယောက်သောသူအပေါ်မှာထားရှိတဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဖော်ပြထားတဲ့ ballad အမျိုးအစား သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းရဲ့ ခံစားချက်တွေကို ကြိုးတပ်တူရိယာနှင့် အထူးပြုထားပါတယ်။
Suzy ရဲ့ mini album “Faces of Love” က ဇန်နဝါရီလ ၂၉ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။
In Love with Someone Else
RII
#celebrity.thtihtoolwin.com
Source: Soompi