Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift, Ed Sheeran နှင့် Future တို့၏ 'End Game' သီချင်းဗီဒီယို ထွက်ရှိ

Taylor Swift, Ed Sheeran နှင့် Future တို့၏ 'End Game' သီချင်းဗီဒီယို ထွက်ရှိ

| No comment

Taylor Swift က Ed Sheeran နှင့် Future တို့ပါဝင်တဲ့ ထိပ်တန်းအဖွဲ့ကို 'End Game' သီချင်းဗီဒီယိုထဲက နိုင်ငံတကာပါတီပွဲများအတွက် စည်းရုံးခဲ့ပါတယ်။

TayTay ရဲ့ နောက်ဆုံးထွက် သီချင်းဗီဒီယိုအတွက် Joseph Kahn က ဒါရိုက်တာ တာဝန်ယူထားပြီး ပေါ့ပ်စတားကိုတော့ မိုင်ယာမီမြို့၊ တိုကျိုမြို့နှင့် လန်ဒန်မြို့က ပါတီပွဲတွေကို တက်ရောက်တာတွေ့မြင်ရမှာပါ။

Swift က အမိုက်စား အပျော်စီးသင်္ဘောပေါ်မှာ၊ ကမ်းခြေမှာ၊ ကလပ်မှာ ပြောရရင် နေရာစုံမှာ ကခုန်နေချိန်မှာ စားကောင်းသောက်ဖွယ်တွေက အလျှံပယ်ဖြစ်နေပြီး မီးရှူးမီးပန်းတွေလည်း ရှိနေပါတယ်။

ပေါ့ပ်စတားက သူငယ်ချင်းကောင်း Sheeran နှင့်အတူ တိုကျိုမြို့က ကာရာအိုကေဘားမှာလည်း တစ်ခွက်တစ်ဖလားချခဲ့ပြီး နှစ်သစ်ကူးအကြိုညမှာ လန်ဒန်မြို့က အိမ်တွင်းပါတီပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ အဲ့ဒီမှာလည်း သောက်စရာတွေရှိနေမယ်ဆိုတာကတော့ ပြောစရာတောင်မလိုပါဘူး။

Kahn က အရင်ကလည်း Swift ရဲ့ “Wildest Dreams” နှင့် “Bad Blood” ၊ သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့ Reputation အယ်လ်ဘမ်ထဲက ငွေကြေအမြောက်အများ ကုန်ကြခံပြီး ရိုက်ကူးထားတဲ့ "Look What You Made Me Do" နှင့် "...Ready for It?" တို့ကိုလည်း ရိုက်ကူးခဲ့ပါတယ်။

                End Game -
           

RII

#celebrity.thithtoolwin.com

Source: Billboard