Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / The Dubai Fountain Show တွင် ပထမဆုံး K-Pop သီချင်းအဖြစ် EXO ၏ “Power” သီချင်းကို အသုံးပြုခဲ့

The Dubai Fountain Show တွင် ပထမဆုံး K-Pop သီချင်းအဖြစ် EXO ၏ “Power” သီချင်းကို အသုံးပြုခဲ့

| No comment

The Dubai Fountain ၏ နာမည်ကျော် ပြပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် EXO ၏ “Power” သီချင်းကို ပထမဆုံး အသုံးပြုခဲ့ပြီး ဒီမြင်ကွင်းကို EXO အဖွဲ့က ကိုယ်တိုင်တက်ရောက် ခံစားခဲ့ပြီး ပရိသတ်တွေနှင့်အတူ အောင်ပွဲခံခဲ့ပါတယ်။

ဒူဘိုင်းမြို့က Burj Khalifa Lake မှာတည်ရှိတဲ့ ကကွက်တွေနှင့် စီစဉ်ဖန်တီးထားသည့် ကမ္ဘာ့အကြီးဆုံး ရေပန်းစနစ် The Dubai Fountain မှာ ပထမဆုံး K-Pop သီချင်းအဖြစ် “Power” သီချင်းကို ဇန်နဝါရီလ ၁၆ ရက်က အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပြပွဲကြီးမှာ ဒီသီချင်းကို ပထမဆုံး ဖွင့်လိုက်တဲ့ ထူးခြားတဲ့ အခိုက်အတန့်လေးကို ကြီးမားလှတဲ့ ပရိသတ်အစုအဝေးကြီးနှင့် အတူခံစားနိုင်ဖို့ D.O. နှင့် Lay ကလွဲပြီး EXO အဖွဲ့သားများအားလုံးက ဒူဘိုင်းမြို့ကို သွားရောက်ခဲ့ပါတယ်။

  Power - EXO (Official Choreography Video) -


RII

#celebrity.thithtoolwin.com

Source: Soompi