Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'Timeless' သီချင်းဗီဒီယိုနှင့် ပရိသတ်တွေထံ ပြန်ရောက်လာတဲ့ NCT U

'Timeless' သီချင်းဗီဒီယိုနှင့် ပရိသတ်တွေထံ ပြန်ရောက်လာတဲ့ NCT U

| No comment

NCT အဖွဲ့ ၃ ဖွဲ့ထဲမှာ လွန်ခဲ့တဲ့ ၂ နှစ်က ပထမဆုံး မိတ်ဆက်ခဲ့တဲ့ NCT U အဖွဲ့က လွမ်းမောဖွယ် သီချင်းသစ် “Timeless” နှင့် ဇန်နဝါရီလ ၁၂ ရက်မှာ ပရိသတ်တွေထံ ပြန်လည်ရောက်ရှိလာပါပြီ။

SM Entertainment ၏ ကျယ်ပြန့်သော NCT project နှင့်အတူ NCT U နှင့် NCT 127 အဖွဲ့ ၂ ခုလုံးတွင်ပါဝင်တဲ့ အဖွဲ့ဝင် Jaehyun, Doyoung နှင့် Taeil တို့ရဲ့ “Timeless” သီချင်းက ၂၀၁၆ ခုနှစ်က NCT U အဖွဲ့အမည်နှင့် ထွက်ရှိခဲ့ပြီး သူတို့ ၃ ယောက်သီဆိုထားတဲ့ “Without You” နှင့် The 7th Sense” သီချင်းတွေအပြီးမှာ ပထမဆုံး ထွက်ရှိလာတာဖြစ်ပါတယ်။

သီချင်းဗီဒီယိုထဲမှာ သူတို့ ၃ ယောက် အမှောင်ချထားတဲ့ အခန်းထဲမှာ ထိုင်နေပြီး စန္ဒယားသံနှင့် ရောယှက်ထားတဲ့ ballad သီချင်းကို ခံစားချက်အပြည့်နှင့် live သီဆိုထားပါတယ်။

NCT လို့ခေါ်တဲ့ Neo Culture Technology အဖွဲ့ဟာ EXO, Red Velvet, SHINee နှင့် အခြားနာမည်ကျော် K-pop အနုပညာရှင်တွေရဲ့ နောက်ကွယ်က SM Entertainment ရဲ့ ကျယ်ပြန့်သော boy band project ဖြစ်ပါတယ်။ NCT အမည်အောက်မှာ အကန့်အသတ်မရှိတဲ့ အဖွဲ့များနှင့် အဖွဲ့ဝင်များ စမ်းသပ်မှုကို ၂၀၁၆ ခုနှစ်က NCT U နှင့်စတင်ခဲ့ပြီး၊ ဆိုးလ်မြို့မှာ အခြေတည်ပြီး အဖွဲ့ဝင် ၉ ယောက်ပါဝင်တဲ့ NCT 127 အဖွဲ့နှင့် ငယ်ရွယ်တဲ့ ရသကို ခံစားရမည့် သီချင်းတွေကို သီဆိုတဲ့ ဆယ်ကျော်လေး ၆ယောက်၊ ၇ယောက်ပါဝင်တဲ့ NCT Dream အဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

“Timeless” သီချင်းက SM Entertainment ရဲ့ အပတ်စဉ် သီချင်းသစ်တွေ ထွက်ရှိလေ့ရှိတဲ့ SM Station မှတဆင့်ထွက်ရှိလာတာဖြစ်ပါတယ်။ NCT U နှင့် NCT 127 အဖွဲ့ရဲ့ တေးသံရှင်တွေရဲ့ solo unit အဖြစ်ထွက်ရှိလာတဲ့ ပထမဆုံး Station သီချင်းလည်းဖြစ်ပါတယ်။

Timeless - https://www.youtube.com/watch?v=PmH948yZwhE

RII

#celebrity.thithtoolwin.com

Source: Billboard