Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Troye Sivan ၏ 'My My My!' သီချင်းဗီဒီယို ထွက်ရှိလာ

Troye Sivan ၏ 'My My My!' သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

YouTuber တစ်ဖြစ်လဲ pop-star တစ်ယောက်ဖြစ်တဲ့ Troye Sivan ရဲ့ စိတ်ခံစားမှု နက်ရှိုင်းတဲ့ Blue Neighborhood အယ်လ်ဘမ် ထွက်ရှိခဲ့တာ ၂ နှစ်ကြာသွားပါပြီ။ အခုတော့ သီချင်းသစ် 'My My My!' ရဲ့ဗီဒီယိုနှင့်အတူ ပြန်လည်ရောက်ရှိလာပါပြီ။

သီချင်းရဲ့ နားစွဲလွယ်တဲ့ သံပြိုင်ပိုဒ်မှာ “I die every night with you/Oh my, my, my/Living for your every move” လို့ သီဆိုထားပြီး Sivan က ဘာမှမရှိတဲ့ ကုန်လှောင်ရုံ အလယ်ခေါင်မှာ အားထုတ်စရာမလိုဘဲ ကပြထားပါတယ်။

ဒါရိုက်တာ Grant Singer (Lorde and Sky Ferreira) ရိုက်ကူးထားတဲ့ မီးရောင်တဖျတ်ဖျတ်လင်းနေတဲ့ ဗီဒီယိုရဲ့ အစမှာ “အလင်းရောင်ကြောင့်  ဝက်ရူးပြန်တတ်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာတွေ ဒီဗီဒီယိုထဲမှာ ပါဝင်နိုင်ပါတယ်။ ကြည့်ရှုသူများ ဆင်ခြင်ကြပါ” ဆိုတဲ့ သတိပေးစာပါဝင်ပါတယ်။

'My My My!' သီချင်းက အရင်က ထွက်ရှိခဲ့တဲ့ “Wild” နှင့် “Youth” သီချင်းတွေနှင့် လုံးဝကွဲပြားနေပြီး Twitter ပေါ်က နာမည်ကျော် ပရိသတ်တွေကလည်း Troye ရဲ့ စာမျက်နှာသစ်နှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။

“@troeysivan ငါတော့ နင့်ကို စွဲလမ်းသွားပြီ။ နင့်အတွက် ဝမ်းသာပါတယ်။ #MYMYMY က အမိုက်စားပဲ” လို့ အဆိုတော် Dua Lipa က ရေးသားထားပါတယ်။

သရုပ်ဆောင် Kevin McHale ကလည်း “ချကွာ @troeysivan ဗီဒီယိုဆိုတာ ဒီလိုမှပေါ့” လို့ ရေးသားထားပါတယ်။
                     My My My!
 -



RII

#celebrity.thithtoolwin.com

 Source: EW