Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Wonder Woman က Rating အကောင်းဆုံး Superhero ဇာတ်ကားဖြစ်လာ

Wonder Woman က Rating အကောင်းဆုံး Superhero ဇာတ်ကားဖြစ်လာ

| No comment

Wonder Woman ဇာတ်ကားဟာ လက်ရှိမှာ Rotten Tomatoes က သတ်မှတ်ထားတဲ့ Rating အကောင်းဆုံး Superhero ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ မင်းသမီး Gal Gadot က Diana Prince (Wonder Woman) အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကို အမျိုးသမီးဒါရိုက်တာ Patty Jenkins က ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း လူကြိုက်များဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Wonder Woman ဟာ DCEU ရဲ့ Box Office မှာ လွှမ်းမိုးနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီး ဒေါ်လာ ၈၂၂သန်းအထိ ရရှိခဲ့ပါတယ်။ ဒီလို ငွေကြေးပိုင်းမှာလည်း အောင်မြင်မှုတွေ ရှိခဲ့သလို Wonder Woman ဟာ ယခုတစ်ဖန်လည်း နောက်ထပ် အောင်မြင်မှုတစ်ခုအနေနဲ့ ရုပ်ရှင် ဝေဖန်ရေး ဝက်ဘ်ဆိုက် Rottern Tomatoes ရဲ့ Superhero အမျိုးအစားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

Rotten Tomatoes ဟာ ဒီ List ကို လတ်တလောမှာ ပြန်လည် Update လုပ်ခဲ့တာ ဖြစ်ပြီး ဇာတ်ကားတွေရဲ့ ရရှိခဲ့တဲ့ တစ်ခုချင်းအမှတ်တွေပေါ်မူတည်ပြီး List ကို ထုတ်ပြန်ခဲ့တာပါ။ Patty Jenkins ရဲ့ ဇာတ်ကားဟာ Score 108.569% အထိ ရရှိခဲ့ပြီး အကောင်းဆုံး Scrore တစ်ခု ဖြစ်ပါတယ်။

Rotten Tomatoes ရဲ့ ထိပ်ဆုံး ဇာတ်ကား ၁၀ကားမှာ ပါဝင်ခဲ့တဲ့ တခြားဇာတ်ကားတွေကတော့ Logan (107.954%), The Dark Knight (106.313%), Spider-Man: Homecoming (105.957%), Thor: Ragnarok (105.561%), The Avengers (103.989%), Iron Man (103.978%), Captain America: Civil War (103.922%), The Incredibles (103.407%), and The LEGO Batman Movie (103.162%) တို့ပဲ ဖြစ်ပါတယ်။

ဒီ Rating ပေးမှုပုံစံဟာ သူ့ထက် Rating မြင့်တဲ့ ခရစ္စတိုဖာနိုလန်ရဲ့ The Dark Knight နဲ့ Jon Favreau ရဲ့ Iron Man တို့လို ဇာတ်ကားတွေကိုကျော်ဖြတ်ပြီး ရရှိသွားတာဟာ အံ့အားသင့်စရာတော့ကောင်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Jenkins ရော၊ Gadot နှစ်ဦးစလုံးဟာ အံ့အားသင့် ပျော်ရွှင်ရကြောင်း၊ သူတို့ကို ထောက်ခံအားပေးခဲ့တဲ့ Critic နဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း Twitter မှာ ရေးသားခဲ့ကြပါတယ်။

Wonder Woman ရဲ့ တဟုန်ထိုးအောင်မြင်မှုကြောင့် Warner Bros ဟာ Wonder Woman 2 ဇာတ်ကားကိုလည်း Patty Jenkins နဲ့ပဲ ဆက်လက်ရိုက်ကူးဖို့ စီစဉ်နေပါတယ်။

Bruce

#celebrity.thithtoolwin.com

Ref: Screen Rant