Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Batgirl’ ဇာတ်ကားကနေ ဒါရိုက်တာ Joss Whedon နှုတ်ထွက်

Batgirl’ ဇာတ်ကားကနေ ဒါရိုက်တာ Joss Whedon နှုတ်ထွက်

| No comment


Batgirl Solo ဇာတ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ Joss Whedon ဟာ ယခုအခါမှာ ဇာတ်ကားပရောဂျက်ေ်န နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း Hollywood Reporter ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ Whedon ရဲ့ ရှင်းလင်းထုတ်ပြန်ချက် တစ်ရပ်အရ “Batgirl နဲ့ Warners/DC တို့နဲ့ လက်တွဲရတာဟာ တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

ဒီဇာတ်လမ်းအတွက် လပေါင်းများစွာ ဇာတ်လမ်းကို စဉ်းစားခဲ့ပေမယ့် ထွက်မလာခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ Geoff နဲ့ Toby တို့အပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်။ “ကျရှုံးတယ်” ဆိုတဲ့ စကားလုံးထက် ပိုကောင်းတဲ့ စာလုံးများ ရှိမလားမသိဘူး?” လို့ ဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပရောဂျက်ကို ပြီးခဲ့တဲ့ တစ်နှစ်ခန့်က ထုတ်ဖော်ခဲ့တာဖြစ်ပြီး DC Extended Universe ထဲကို အသစ်ဝင်လာမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ပြိုင်ဘက် Marvel ကို Avengers ဇာတ်ကားနှစ်ကားနဲ့ အကြီးအကျယ်အောင်မြင်စေခဲ့သူ ဒါရိုက်တာ Whedon ကို DC က Justice League ဇာတ်ကားရဲ့ Final Version ကို ရိုက်ကူးစေအပြီးမှာ တာဝန်ပေးခဲ့တာပါ။

ဒါပေမယ့် ထင်သလောက် မပေါက်ခဲ့တဲ့ Justice League အတွက် WB နဲ့ DC တို့ဟာ Whedon ကို အမျက်ရှခဲ့ဟန်တူပါတယ်။ ဇာတ်ကားအတွက် အမျိုးသမီးဒါရိုက်တာနဲ့ Wonder Woman နဲ့ အောင်မြင်ခဲ့တာကို နမူနာယူပြီး အမျိုးသမီးဇာတ်ကားကို အမျိုးသမီးဒါရိုက်တာနဲ့ပဲ ရိုက်ကူးစေဖို့ ဆန္ဒရှိနေသလားဆိုတာ စောင့်ကြည့်ချင်စရာပါ။


Brucee

#celebrity.thithtoolwin.com

Ref: The Verge