Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နိုင်ငံတကာရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်သွားတဲ့ Black Panther

နိုင်ငံတကာရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်သွားတဲ့ Black Panther

| No comment

Marvel Studios’ Black Panther ဇာတ်ကားဟာ ဗုဒ္ဓဟူးနေ့က ပြည်တွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄.၅ သန်း ထပ်မံရရှိခဲ့ပြီး (၁၃.၆ သန်းရရှိခဲ့တဲ့ The Avengers ကို ကျော်လွန်ပြီး ဝင်ငွေအကောင်းဆုံး MCU ဇာတ်ကားဖြစ်လာ) နောက်ထပ် နိုင်ငံတကာဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄.၅ သန်းနှင့် စုစုပေါင်း ကမ္ဘာ့အနှံ့အပြားမှာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉ သန်းရရှိခဲ့ပါတယ်။

ဒါကတော့ မြောက်အမေရိကမှာ အမေရိကန်ဒေါ်လာ ၂၇၇.၅ သန်းနှင့် နိုင်ငံရပ်ခြားမှာ အမေရိကန်ဒေါ်လာ ၂၁၃.၆ သန်းရရှိထားပြီး ကမ္ဘာတစ်လွှားမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉၁.၁ သန်း ရရှိထားပြီဆိုတဲ့ သဘောပါပဲ။ Black Panther ဇာတ်ကားဟာ ရုံတင်ပြီး ၉ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာပဲ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်တော့မှာဖြစ်ပါတယ်။ ဒီနေ့က ၂၀၁၈ ခုနှစ်ရောက်ပြီး ၅၂ ရက်အတွင်းမှာပဲ Walt Disney Studios က နိုင်ငံတကာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်သွားတဲ့ နေ့လည်းဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတကာ ရုံတင်ဝင်ငေများကတော့ ယူကေ (အမေရိကန်ဒေါ်လာ ၃၀.၄ သန်း)၊ ကိုရီးယားနိုင်ငံ (အမေရိကန်ဒေါ်လာ ၂၉.၅ သန်း)၊ ဘရာဇီးနိုင်ငံ (အမေရိကန်ဒေါ်လာ ၁၂.၅ သန်း)၊ မက္ကစီကိုနိုင်ငံ (အမေရိကန်ဒေါ်လာ ၁၁.၆ သန်း)၊ ဩစတြေးလျနိုင်ငံ (အမေရိကန်ဒေါ်လာ ၁၁.၆ သန်း)၊ ပြင်သစ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၁၀.၃ သန်း)၊ ထိုင်ဝမ် (အမေရိကန်ဒေါ်လာ ၈.၅ သန်း)၊ အင်ဒိုနီးရှားနိုင်ငံ (အမေရိကန်ဒေါ်လာ ၇.၆ သန်း)၊ ဂျာမနီနိုင်ငံ (အမေရိကန်ဒေါ်လာ ၇.၂ သန်း)၊ မလေးရှားနိုင်ငံ (အမေရိကန်ဒေါ်လာ ၆.၂ သန်း)၊ ဖီလစ်ပိုင်နိုင်ငံ (အမေရိကန်ဒေါ်လာ ၅.၈ သန်း)၊ အိန္ဒိယနိုင်ငံ (အမေရိကန်ဒေါ်လာ ၅.၅ သန်း)၊ ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၅.၄ သန်း)၊ ဟောင်ကောင်နိုင်ငံ (အမေရိကန်ဒေါ်လာ ၅.၃ သန်း)နှင့် အီတလီနိုင်ငံ (အမေရိကန်ဒေါ်လာ ၄.၃ သန်း) ဖြစ်ပါတယ်။

ဒီတစ်ပတ်ပိတ်ရက်တွင် ရုရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဒရီနီဒက်၊ ပီရူးနိုင်ငံနှင့် ဗန်နီဇွဲလားနိုင်ငံတို့မှာ စတင်ပြသမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မတ်လ ၁ ရက်နှင့် တရုတ်နိုင်ငံမှာ မတ်လ ၉ ရက်မှာ စတင်ပြသမှာဖြစ်ပါတယ်။

Black Panther ဇာတ်ကားက ကြည့်ရှုသူများထံမှ A+ CinemaScore ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Ryan Coogler ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Chadwick Boseman, Danai Gurira, Michael B. Jordan, Lupita Nyong’o, Martin Freeman, Daniel Kaluuya, Letitia Wright, Winston Duke, Angela Bassett, Forest Whitaker နှင့် Andy Serkis တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို Kevin Feige နှင့်အတူ Louis D’Esposito, Victoria Alonso, Nate Moore, Jeffrey Chernov တို့က ထုတ်လုပ်ထားပြီး Stan Lee က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Stan Lee နှင့် Jack Kirby တို့ရဲ့ Fantastic Four ခေတ်စားနေချိန် ၁၉၆၆ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ Marvel Comics ဇာတ်ကောင်ကို အခြေခံပြီး Ryan Coogler နှင့် Joe Robert Cole တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon