Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Deadpool 2 ဇာတ်ကားအတွက် ပိုစတာအသစ် ထွက်ရှိလာ

Deadpool 2 ဇာတ်ကားအတွက် ပိုစတာအသစ် ထွက်ရှိလာ

| No comment

Deadpool 2 ဇာတ်ကားအတွက် ပါးစပ်သရမ်းတတ်တဲ့ Deadpool တစ်ယောက် ၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Flashdance ဇာတ်ကားထဲက ပုံစံအတိုင်းအလားတူ ပို့စ်ပေးပြီး သရော်ထားတဲ့ ပိုစတာအသစ်ကို မင်းသား Ryan Reynolds က ဖော်ပြခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းအတွက် အနည်းငယ်သာဖော်ပြထားတဲ့ အချက်အလက်တွေကတော့ “သေစေနိုင်လောက်တဲ့ တိရစ္ဆာန်တိုက်ခိုက်ခံရခြင်းမှ အသက်ရှင်ခဲ့ပြီးနောက်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ စာဖိုမှုးတစ်ယောက် (Wade Wilson) ဟာ အရသာခံအာရုံ ပျောက်ဆုံးသွားမှုကို ဖြေရှင်းဖို့ လေ့လာသင်ယူရင်း Mayberry က အကောင်းဆုံး စားပွဲထိုးတစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရပါတယ်။

 သူ့ဘဝအတွက် စိတ်ဝင်စားဖွယ်တွေနှင့် flux capacitor ကို ပြန်လည်ရှာဖွေရင်း  Wade တစ်ယောက် နင်ဂျာတွေ၊ ရာကူဇာတွေ၊ ကာမဂုဏ်အာရုံ တက်ကြွထက်သန်တဲ့ အစွယ်ပါသတ္တဝါတွေကို ရင်ဆိုင်ပြီး ကမ္ဘာအနှံ့ခြေဆန့်ကာ မိသားစု၊ မိတ်ဆွေများနှင့် အရသာတို့ရဲ့ အရေးပါပုံကို ရှာဖွေရမှာဖြစ်ပါတယ်။ စွန့်စားခန်းကို အရသာတွေ့သွားပြီး World’s Best Lover လို့ ခေါင်းစီတတ်ထားတဲ့ ကော်ဖီမတ်ခွက်ကိုလည်း ရရှိခဲ့ပါတယ်။

Ryan Reynolds က ပါးစပ်သရမ်းတတ်တဲ့သူအဖြစ် ပြန်လည်ပါဝင်ထားပြီး Zazie Beetz က ကံတရားကို ပြောင်းလဲပေးနိုင်တဲ့ သန္ဓေပြောင်းသူ Domino အဖြစ်နှင့် Josh Brolin က X-Men ထဲက Cyclops ရဲ့သားဖြစ်ပြီး အချိန်ခရီးသွားနိုင်တဲ့ Cable အဖြစ်ပါဝင်ထားပါတယ်။ Jack Kesy (The Strain, Baywatch) က အဓိကဗီလိန်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အိုင်းရစ်လူမျိုး သန္ဓေပြောင်းသူ Black Tom Cassidy ဖြစ်မယ်လို့ ကောလဟာလတွေ ထွက်နေပေမယ့် အတည်မပြုရသေးပါဘူး။ ဂျပန်မင်းသမီး Shioli Kutsuna နှင့် Julian Dennison (Hunt for the Wilderpeople) တို့ကလည်း ဒီဇာတ်ကားထဲမှာ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်နေရာက ပါဝင်မှာဖြစ်ပါတယ်။

ပထမ Deadpool ဇာတ်ကားထဲက ပြန်လည်ပါဝင်လာတဲ့ သရုပ်ဆောင်တွေကတော့ Blind Al အဖြစ် Leslie Uggams, Vanessa အဖြစ် Morena Baccarin, Negasonic Teenage Warhead အဖြစ် Brianna Hildebrand နှင့် Colossus အဖြစ် Stefan Kapicic က အသံသရုပ်ဆောင်ထားပါတယ်။

Deadpool 2 ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thihtoolwin.com

Source: Comingsoon