Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်ပါဝင်ဖို့ ဆွေးနွေးနေတဲ့ EXO အဖွဲ့ဝင် D.O. နှင့် မင်းသမီး Nam Ji Hyun

ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်ပါဝင်ဖို့ ဆွေးနွေးနေတဲ့ EXO အဖွဲ့ဝင် D.O. နှင့် မင်းသမီး Nam Ji Hyun

| No comment

“Dear Husband of 100 Days” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားနှင့် မင်းသမီးအဖြစ်ပါဝင်ဖို့ D.O. နှင့် Nam Ji Hyun တို့ကို ရွေချယ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို အသေအချာ စဉ်းစားနေကြကြောင်း သူတို့ရဲ့ အေဂျင်စီအသီးသီးက တုံ့ပြန်ကြေညာခဲ့ပါတယ်။

D.O. က စေ့စပ်သေချာသူတစ်ယောက်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသား Lee Yool အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ သို့သော်လည်း Lee Yool ဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိကာ ကျောက်ကမ်းပါးမှ ပြုတ်ကျသွားခဲ့တဲ့အတွက် အသုံးမကျတဲ့ လူတစ်ယောက်ဖြစ်တဲ့ Won Deuk အဖြစ်ပြောင်းလဲသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Nam Ji Hyun ကတော့ စုံထောက်လုပ်ငန်းကို လုပ်ကိုင်တဲ့ ဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်းထားပြီး Lee Yool နှင့် ဆုံတွေ့ရမှာဖြစ်ပါတယ်။

“Dear Husband of 100 Days” ဇာတ်လမ်းတွဲက လျှို့ဝှက်ဆန်းကြယ် အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ဟာသနှောထားတဲ့ ရာဇဝင်ဇာတ်လမ်းတွဲကို Jason Bourne ပုံစံတင်ဆက်ထားတာဖြစ်ပါတယ်။

ဇာတ်ညွှန်းကို “Dr. Champ,” “Scent of a Woman,” နှင့် “She’s So Lovable” တို့ကို ရေးသားခဲ့တဲ့ No Ji Seol က ရေးသားထားပါတယ်။ ဒီဇာတ်လမ်းတွဲကို tvN ရုပ်သံမှ ထုတ်လွှင့်ဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi