Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့ဝင် Sehun က နာမည်ကျော် Webtoon ကို အခြေခံပြီး ရိုက်ကူးမည့်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မည်

EXO အဖွဲ့ဝင် Sehun က နာမည်ကျော် Webtoon ကို အခြေခံပြီး ရိုက်ကူးမည့်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မည်

| No comment


EXO အဖွဲ့ဝင် Sehun က ပြည်တွင်းက ရိုက်ကူးမည့် ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ပထမဆုံးပါဝင်မှာဖြစ်ပါတယ်။

Sehun က “Dokgo Rewind” ဇာတ်ကားမှာ ခေါင်ဆောင်မင်းသားအဖြစ် ပါဝင်မှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်မှာ SM Entertainment က အတည်ပြုလိုက်ပါတယ်။

“ဇာတ်ကားရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အက်ရှင်ဇာတ်ဝင်ခန်းတွေဖြစ်ပြီး ‘The Villainess’ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ အက်ရှင်ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာတို့က ရိုက်ကူးမှာဖြစ်ပါတယ်” လို့ အေဂျင်စီက ပြောပြခဲ့ပြီး စောင့်မျှော်ရကျိုးနပ်မှာဖြစ်ကြောင်း အာမခံခဲ့ပါတယ်။

“Dokgo Rewind” ဇာတ်ကားဟာ အမည်တူ နာမည်ကျော် Webtoon ကို အခြေခံထားတာဖြစ်ပါတယ်။ Sehun က ကျောင်းတွင်းဂိုဏ်းတစ်ခုရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသွားတဲ့ သူ့အစ်ကိုအတွက် လက်စားချေဖို့ ကြိုးစားနေတဲ့ Kang Hyuk အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Kang Hyuk နှင့် နပမ်းသမားဟောင်း Tae Jin၊ ကျောင်းတွင်းဂိုဏ်းကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ Jong Il တို့ရဲ့ ဖွံ့ဖြိုးလာတဲ့ ခင်မင်ရင်းနှီးမှုကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

  RII

  #celebrity.thithtoolwin.com

  Source: Soompi