Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဇာတ်လမ်းတွဲသစ်မှာ ပရိသတ်တွေ မမှတ်မိနိုင်လောက်မည့် ပုံစံမျိုး သရုပ်ဆောင်ချင်တဲ့ Jang Geun Suk

ဇာတ်လမ်းတွဲသစ်မှာ ပရိသတ်တွေ မမှတ်မိနိုင်လောက်မည့် ပုံစံမျိုး သရုပ်ဆောင်ချင်တဲ့ Jang Geun Suk

| No comment



Jang Geun Suk က Vogue Korea မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရေးနှင့် အင်တာဗျူးလုပ်ရာမှာ ဇာတ်လမ်းတွဲသစ်မှာပါဝင်မည့် သူ့ဇာတ်ကောင်အကြောင်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

Jang Geun Suk က SBS ရုပ်သံမှ ဗုဒ္ဓဟူး-ကြာသပတေးနေ့မှာ ထုတ်လွှင့်မည့် “Switch—Change the World” (ယာယီအမည်) ဇာတ်လမ်းတွဲမှာ ပါဝင်မယ်ဆိုတာ အတည်ပြုပြီးသားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက တရားမျှတမှု၊ ကောင်းမှုနှင့် ဒုစရိုက်ကြားက စည်းခြားထားမှုကို သရော်ထားတဲ့ အာဘော်ကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးရာမှာ Jang Geun Suk က ပရိသတ်က လက်ခံထားတဲ့ သူ့ပုံရိပ်မှ ခွဲထွက်ပြီး ဇာတ်လမ်းတွဲထဲက နှစ်ကိုယ့်တစ်စိတ် ဇာတ်ကောင်ကို ပုံဖော်နိုင်ဖို့ ကြိုးစားထားပါတယ်။ လက္ခဏာနှစ်ရပ် တွဲနေတဲ့ သူ့ဇာတ်ကောင်ကို ဓာတ်ပုံရိုက်ကူးရေးအတွက် အသုံးပြုထားတာဖြစ်ပါတယ်။

မင်းသားက ဆွဲဆောင်မှုရှိပြီး ကြော့မော့တဲ့ဟန်နှင့်အတူ ဓာတ်ပုံတိုင်းအတွက် မျက်နှာအမူအရာနှင့် မတူညီတဲ့ ရသပေးထားပါတယ်။ အဝတ်အစားနှင့် အဆင်တန်ဆာများကလည်း စိတ်ခံစားချက်ကို ဖမ်းစားနိုင်အောင် အထောက်အကူပြုထားပါတယ်။ ရိုက်ကူစဉ်အတွင်းမှာ Jang Geun Suk ရဲ့ ကျယ်ပြန့်တဲ့ စိတ်ခံစားချက်နှင့် အားရုံစိုက်မှုများက ဝန်ထမ်းများကို အထင်းကြီးလေးစားစေခဲ့ကြောင်း သိရပါတယ်။

အင်တာဗျူးမှာ Jang Geun Suk က ၂ နှစ်ကြာမှ ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းတွဲသစ်အကြောင်း ပြောပြခဲ့ပါတယ်။ “အခုတလော ရိုက်ကူးရေးမစခင် နေ့တိုင်း အာရုံစိုက်ပြီး ကြိုတင်ပြင်ဆင်နေပါတယ်။ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့နှင့် ပထမဆုံးတွေ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တစ်ခု တောင်းဆိုထားတယ်။ ကျွန်တော် ဒီဇာတ်လမ်းတွဲထဲမှာ Jang Geun Suk နှင့် လုံးဝမတူချင်ဘူးလို့ ပြောထားတယ်” လို့ သူက ပြောပြပါတယ်။

“ဇာတ်ကောင်ထက်ပိုပြီးတော့ Jang Geun Suk ကို မြင်နေရရင် ဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရာကနေပြီး ယုံကြည်ထိုက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်” လို့ ရှင်းပြပါတယ်။

 “Switch—Change the World” ဇာတ်လမ်းတွဲကို “Return” ဇာတ်သိမ်းပြီးနောက်ပိုင်း မတ်လမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi