Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ji Sung နှင့် Han Ji Min တို့ရဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွဲသစ်

Ji Sung နှင့် Han Ji Min တို့ရဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွဲသစ်

| No comment

Ji Sung နှင့် Han Ji Min တို့က tvN ရုပ်သံ၏ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

“Knowing Wife” (တိုက်ရိုက်ဘာသာပြန်အမည်) ဇာတ်လမ်းတွဲမှာ ဦးဆောင်ပါဝင်မည့်အကြောင်းကို သရုပ်ဆောင်နှစ်ယောက်လုံရဲ့ အေဂျင်စီများက ဖေဖော်ဝါရီလ ၂၃ ရက်က အတည်ပြုခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လက်ထပ်ထားတဲ့ စုံတွဲရဲ့ ကံတရားဟာ မှော်ဆန်ဆန်ပြောင်းလဲသွားပြီး လုံးဝမတူညီတဲ့ ဘဝမှာနေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

Ji Sung က သာမန် ဘဏ်ဝန်ထမ်း Cha Joo Hyuk အဖြစ်၊ Han Ji Min က သူနှင့် လက်ထပ်ထားတာ ၅ နှစ်ကြာပြီဖြစ်တဲ့ အိမ်ထောင်ရှင်မ Seo Woo Jin အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ “Knowing Wife” ဇာတ်လမ်းတွဲက သာမန်လူတွေရဲ့ သဘာဝကျတဲ့ နေ့စဉ်ဘဝကို သရုပ်ဖော်ထားပေမယ့် အချစ်ဇာတ်လမ်းရဲ့ စိတ်ကူးယဉ် လှည့်ကွက်ကြောင့် ပရိသတ်များက Ji Sung နှင့် Han Ji Min တို့က မတူညီတဲ့ ဘဝနှစ်ခုကို လျှောက်လှမ်းနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Namoo Actors မှ ပြောရေးဆိုခွင့်ရှိသူက “ဇာတ်လမ်းတွဲရဲ့ စစ်မှန်မှုနှင့် နွေးထွေးမှုက အရေးကြီးဆုံးလို့ Ji Sung က ယူဆပါတယ်။ သူက “Knowing Wife” ဇာတ်လမ်းတွဲမှာ ပါဝင်ခြင်းမှတဆင့် လူသားပီသတဲ့ ဇာတ်ကောင်ကို သရုပ်ဖော်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူ့ကို စောင့်မျှော်အားပေးကြပါလို့ တောင်ဆိုပါတယ်” လို့ ပြောပြခဲ့ပါတယ်။

BH Entertainment ကလည်း “Han Ji Min က ပရိသတ်တွေကို “Knowing Wife” ဇာတ်လမ်းတွဲကတဆင့် ဆွဲဆောင်မှုအသစ်တွေ ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အကြာကြီးနေမှ ဇာတ်လမ်းတွဲပြန်ရိုက်တာဆိုတော့ စိတ်ဝင်တစာနှင့် အချစ်တွေအများကြီး ပေးကြလို့ တောင်းဆိုပါတယ်” လို့ ပြောပြခဲ့ပါတယ်။

“Knowing Wife” ဇာတ်လမ်းတွဲကို MBC ၏ “Shopping King Louie” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက ရိုက်ကူးမှာဖြစ်ပြီး “Oh My Ghost,” “King of High School” နှင့် “Weightlifting Fairy Kim Bok Joo” တို့ကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးသူက ရေးသားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


RII

#celelbrity.thithtoolwin.com

Source: Soompi