Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / KBS ဇာတ်လမ်းတွဲသစ်တွင် EXO အဖွဲ့ဝင် Kai ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

KBS ဇာတ်လမ်းတွဲသစ်တွင် EXO အဖွဲ့ဝင် Kai ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

| No comment

EXO အဖွဲ့ဝင် Kai က KBS 2TV ရုပ်သံမှ ထုတ်လွှင့်မည့် စိတ်ကူးယဉ် သဘာဝလွန်ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပါတယ်။

KBS ၏ “Miracle That We Met” (ယာယီအမည်) ဇာတ်လမ်းတွဲမှာ Kai က Kim Myung Min, Kim Hyun Joo, Ra Mi Ran နှင့် Go Chang Suk တို့နှင့်အတူ ပါဝင်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်က ကြေညာခဲ့ပါတယ်။

Miracle That We Met ဇာတ်လမ်းတွဲက ရုတ်ရက်ကြီး မိမိနှင့် အမည်တူ အသက်အရွယ်တူပေမယ့် ကျန်တာဘာဆိုဘာမှ မတူညီတဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ နေထိုင်နေရတာကို သိလိုက်ရတဲ့ ယောက်ျားတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

Kai က ငယ်ရွယ်ပြီး သွက်လက်တဲ့ တမန်တော် Ato အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စမှာ သူလုပ်လုပ်လိုက်တဲ့ အမှားတစ်ခုကြောင့် ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်များရဲ့ ဘဝက ပြောင်းလဲသွားမှာဖြစ်ပါတယ်။ သူ့အမှားကြောင့် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ ကိစ္စတွေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားရင်း စမ်းသပ်စစ်ဆေးခြင်းများနှင့် ဆင်းရဲဒုက္ခများကို ခံစားရပါတော့တယ်။

EXO အဖွဲ့ဝင်ဟာ မနှစ်က KBS က ထုတ်လွှင့်ခဲ့တဲ့ “Andante” ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပါသေးတယ်။ မကြာသေးခင်က “Spring Has Come” ဇာတ်လမ်းတွဲနှင့်အတူ ဂျပန်နိုင်ငံမှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Miracle That We Met ဇာတ်လမ်းတွဲကို “Strong Woman Do Bong Soon” နောက်ကွယ်မှ ရေးသား-ရိုက်ကူးရေးအဖွဲ့ Baek Mi Kyung နှင့် Lee Hyung Min တို့က ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း Baek Mi Kyung ကို “Woman of Dignity” နှင့် “My Love Eun Dong” တို့နှင့်လည်း လူသိများပါတယ်။

Miracle That We Met ဇာတ်လမ်းတွဲကို “Radio Romance” ဇာတ်သိမ်းပြီးနောက်မှာ ပြသသွားမှာဖြစ်ပါတယ်။


  RII

 #celebrity.thithtoolwin.com

 Source: Soompi