Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lee Seung Gi ပါဝင်သော “Princess and the Matchmaker” ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Lee Seung Gi ပါဝင်သော “Princess and the Matchmaker” ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

 “Produce 101” စတိုင် တင်ဆက်ထားတဲ့ Lee Seung Gi ၏ “Princess and the Matchmaker” ဇာတ်လမ်းနမူနာ ထွက်ရှိလာပါတယ်။

နမူနာထဲမှာ တော်ဝင်မင်းသမီး Shim Eun Kyung၊ သူမ၏ အောင်သွယ်တော် Lee Seung Gi တို့ပါဝင်ပြီး ချစ်ရေးဆိုသူ ၃ ယောက်ဖြစ်တဲ့ Yeon Woo Jin, CNBLUE အဖွဲ့ဝင် Kang Min Hyuk နှင့် Choi Woo Shik တို့က မင်းသမီးလေးရဲ့ အချစ်ကို ရရှိပြီး ဘုရင်ကြီးရဲ့ သမက်တော်ဖြစ်ဖို့အတွက် “Produce 101” စတိုင် ပြိုင်ဆိုင်ကြပါတယ်။

ပြိုင်ပွဲဝင် ၃ ယောက်က မိမိကိုယ်ကို ဖြစ်တဲ့နည်းနှင့် အမွှမ်းတင်နေကြတော့ Shim Eun Kyung တစ်ယောက်ရွေးချယ်ရခက်နေပါတော့တယ်။

ပထမဆုံး မင်းသမီးလေးရဲ့ ကြင်ယာတော်ဖြစ်ဖို့ အခိုင်အမာဆုံးဖြတ်ချက်ချထားတဲ့ Yeon Woo Jin ကတော့ သူ့ရဲ့ အကောင်းဆုံး ဆွဲဆောင်မှုက မျက်လုံးအပေါ်က မှဲ့လို့ဆိုပါတယ်။ Shim Eun Kyung က “ကျွန်မ ကိုယ်ပိုင်အမြင်ကို ပြောရရင်တော့ သူ့မျက်လုံးရဲ့ အကြည့်ကို အရမ်းသဘောကျပါတယ်” လို့ ဝန်ခံထားပြီး အောင်သွယ်တော် Lee Seung Gi ကလည်း “ပြိုင်ပွဲဝင်သူ Yeon Woo Jin က အရမ်းထက်မြက်ပြီး အရည်အချင်းလည်းရှိပါတယ်” လို့ ပြောပြထားပါတယ်။

Shim Eun Kyung ကို ညှို့ယူဖမ်းစားမည့် ဒုတိယမြောက် ပြိုင်ပွဲဝင်သူကတော့ Kang Min Hyuk ပါပဲ။ Shim Eun Kyung က သူ့ရဲ့ အထင်ကြီးဖွယ် ကိုယ်လုံးကိုယ်ထည်နှင့် six-pack ကြွက်သားတွေကို သဘောကျရုံသာမက Lee Seung Gi ကလည်း “ကျွန်တော် လန့်သွားတယ်။ အဆီပို လုံးဝမရှိဘဲ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဘယ်လိုရထားပါလိမ့်” ဆိုပြီး လေးစားမှုကို ဖော်ပြသွားပါတယ်။ Kang Min Hyuk ကတော့ “ကျွန်တော့် ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ထုတ်ကြွားလေ့ရှိပါတယ်” လို့ ရယ်ရယ်မောမောနှင့် ဝန်ခံသွားပါတယ်။

နောက်ဆုံး ပြိုင်ဝင်ပွဲလာသူကတော့ Shim Eun Kyung က “အရမ်းချစ်ဖို့ကောင်းတယ်” လို့ ကြင်နာစွာ ဖော်ပြထားတဲ့ Choi Woo Shik ပါ။ ဒါပေ့မယ် Lee Seung Gi ကတော့ “Woo Shik ရဲ့ အခြေအနေက သိပ်မပြည့်စုံရှာဘူး” ဆိုတဲ့အကြောင်းကို ထောက်ပြထားပါတယ်။

Shim Eun Kyung က “ကျွန်မက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ညံ့တယ်။ ဒုက္ခတော့ တွေ့နေပြီ” လို့ စိတ်ပူစွာ ဖော်ထုတ်ထားပါတယ်။

အဆုံးသတ်မှာ ဘယ်သူကို ရွေးချယ်မယ်လို့ ထင်ပါသလဲ?

အဖြေကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ “Princess and the Matchmaker” ရုပ်ရှင် ထွက်ရှိလာရင် သိရမှာဖြစ်ပါတယ်။

                        Trailer
       


RII

#celelbrity.thithtoolwin.com

Source: Soompi