Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel’s Jessica Jones ဒုတိယတွဲ ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

Marvel’s Jessica Jones ဒုတိယတွဲ ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

| No comment


ဇာတ်လမ်း ပြန်လည်ထုတ်လွှင့်ဖို့ တစ်လအလိုမှာ Netflix က Marvel’s Jessica Jones ဒုတိယတွဲအတွက် ဇာတ်လမ်းနမူနာနှင့် ပိုစတာကို ဖော်ပြလိုက်ပါတယ်။

Netflix မူပိုင် Marvel’s Jessica Jones ဇာတ်လမ်းတွဲက သက်ဝင်လှုပ်ရှား စွန့်စားခန်းဇာတ်လမ်းတွဲ ၄ခု (Marvel’s Daredevil, Marvel’s Luke Cage နှင့် Marvel’s Iron Fist) ထဲက ဒုတိယမြောက်ဖြစ်ပြီး ဒါတွေအားလုံးက အဓိကဇာတ်ကောင်တွေ ပေါင်းစည်းထားတဲ့ Marvel’s The Defenders ကို ဦးတည်သွားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွေအားလုံးကို Netflix တစ်ခုတည်းမှာပဲ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ Marvel’s Jessica Jones ဇာတ်လမ်းတွဲမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်စုအတွင်း လူကြိုက်များခဲ့တဲ့ Marvel ဇာတ်ကောင်သစ်တွေထဲက တစ်ယောက်ဖြစ်တဲ့ Jessica Jones ကို သူမရဲ့ စိတ်အတွင်းက မကောင်းဆိုးဝါးနှင့် ပြင်ပက မကောင်းဆိုးဝါးတွေကို ရင်ဆိုင်နေရတဲ့ ဘဝကို သည်းထိတ်ရင်ဖို၊ ထိတ်လန့်ချောက်ချားဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ Marvel’s Jessica Jones ပထမတွဲဟာ ဂုဏ်သတင်းကြီးမားတဲ့ Peabody Award ကို လက်ခံရရှိခဲ့ပါတယ်။

နယူးယော့မြို့မှာ နေထိုင်တဲ့ အလွတ်စုံထောက် Jessica Jones က သူမကို နှိပ်စက်ညှဉ်းဆဲသူ Kilgrave ကို သတ်ခဲ့ပြီး သူမရဲ့ ဘဝကို ပြန်လည်စတင်ခဲ့ပါတယ်။ အခုတော့ တစ်မြို့လုံးက စူပါပါဝါရှိတဲ့ လူသတ်သမားအဖြစ် လူသိများနေပြီး အမှုသစ်တစ်ခုကြောင့် ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့အတွက် သူမရဲ့ အတိတ်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း တူးဖော်ရင်း သူမက ဘယ်သူဖြစ်တယ်ကို မရင်ဆိုင်ချင်ပေမယ့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Krysten Ritter (Jessica Jones) နှင့်အတူ ပြန်လည်ပါဝင်မည့် သရုပ်ဆောင်များကတော့ Rachael Taylor (Trish Walker), Carrie-Anne Moss (Jeri Hogarth), Eka Darville (Malcolm Ducasse) တို့ပါဝင်ပြီး အသစ်ပါဝင်လာသူများကတော့ Janet McTeer နှင့် J.R. Ramirez တို့ဖြစ်ပါတယ်။

Netflix တွင် ပြသမည့် Marvel’s Jessica Jones ဇာတ်လမ်းတွဲကို ထုတ်လုပ်သူများကတော့ Showrunner Melissa Rosenberg (Twilight, Dexter), Raelle Tucker (True Blood), Jim Chory (Marvel’s Daredevil, Marvel’s Luke Cage, Marvel’s Iron Fist) နှင့် Marvel’s Head of Television အဖြစ်ဆောင်ရွက်နေတဲ့ Jeph Loeb (Marvel’s Daredevil, Marvel’s Luke Cage, Marvel’s Iron Fist) တို့ဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon