Park Bo Gum ရဲ့ ၄ နှစ်တာ တက္ကသိုလ်ကျောင်းသားဘဝ ပြီးမြောက်သွားပါပြီ။
Bo Gum က Yongin မြို့မှာ တည်ရှိတဲ့ Myongji တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်က တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမစတင်ခင်မှာ “ဒီနေရာအထိ ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘွဲယူဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ၄နှစ်အတွင်းမှာ အများကြီး သင်ယူခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အတန်းဖော်တွေ၊ စီနီယာတွေ၊ ဂျူနီယာတွေနှင့် ပါမောက္ခတွေကို ကျေးဇူးတင်ပါတယ်” လို့ Bo Gum က ပြုံးပြုံးလေး ပြောပြခဲ့ပါတယ်။
Park Bo Gum က Myongji တက္ကသိုလ်ကို ၂၀၁၄ ခုနှစ်မှာ musical theatre မေဂျာနှင့် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူက ကျောင်းကို ဝီရိယရှိရှိတက်သူ ဖြစ်ကြောင်းသိရပြီး ၄ နှစ်အတိမှာ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကလည်း စီနီယာ ဘွဲ့ရခြင်းအထိန်းအမှတ် musical “Hairspray” မှာ ဂီတဒါရိုက်တာအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
RII
#celebrity.thithtoolwin.com
Source: Soompi