Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NCT U အဖွဲ့၏ အားမာန်အပြည့်နှင့် “Boss” သီချင်းဗီဒီယို ထွက်ရှိလာ

NCT U အဖွဲ့၏ အားမာန်အပြည့်နှင့် “Boss” သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

NCT U အဖွဲ့က သီချင်းအသစ် “Boss” အတွက် အပြင်းစား ဗီဒီယိုတစ်ခုကို ထုတ်ခဲ့ပါတယ်။

NCT အဖွဲ့က မတ်လထဲမှာ အဖွဲ့ဝင်သစ် ၃ ယောက်အပါအဝင် ၁၈ ယောက်အဖွဲ့အဖြစ် full album နှင့်အတူ ပရိသတ်ထံ အရောက်ပြန်လာမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မတိုင်ခင်မှာ NCT U အဖွဲ့၏ “Boss” သီချင်းဗီဒီယိုကို အထူးပြု ပြသလိုက်တာဖြစ်ပါတယ်။ အဖွဲ့သားတွေ ကြိုးစာအားထုတ်ထားတဲ့ ကကွက်များနှင့် သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ဆွဲဆောင်မှုများကို ပြသထားတဲ့ ဗီဒီယိုဟာ ဖေဖော်ဝါရီလ ၁၉ ရက် ကိုရီးယားစံတော်ချိန် သန်းခေါင်ယံတိတိမှာ ထွက်ရှိလာပါတယ်။

NCT U အဖွဲ့ဟာ NCT အဖွဲ့၏ အဖွဲ့ဝင်များ အလှည့်ကျပါဝင်သော အဖွဲ့ခွဲတစ်ခုဖြစ်တာကြောင့် ပုံသေသတ်မှတ်ထားတဲ့ အဖွဲ့ဝင်ရယ်လို့ မရှိပါဘူး။ ဒီတစ်ခါမှာ ပါဝင်တဲ့အဖွဲ့ဝင်များကတော့ Doyoung, Jaehyun, Jungwoo, Lucas, Mark, Taeyong နှင့် WinWin တို့ဖြစ်ပါတယ်။

                            Boss
   

RII

#celebrity.thithtoolwin.com

Source: Soompi