Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NCT U အဖွဲ့ဝင် Ten နှင့် Taeyong တို့၏ “Baby Don’t Stop” သီချင်းဗီဒီယို ထွက်ရှိလာ

NCT U အဖွဲ့ဝင် Ten နှင့် Taeyong တို့၏ “Baby Don’t Stop” သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

NCT U အဖွဲ့ဝင် Ten နှင့် Taeyong တို့က သီချင်းသစ်အတွက် လက်တွဲထားပါတယ်။

သူတို့နှစ်ယောက်ရဲ့ “Baby Don’t Stop” သီချင်းအတွက် ဗီဒီယိုက ဖေဖော်ဝါရီလ ၂၇ ရက် ကိုရီးယားစံတော်ချိန် ညသန်းခေါင်ယံမှာ ထွက်ရှိလာတာဖြစ်ပါတယ်။

ဒီသီချင်းအတွက် rap စာသားများကို Taeyong က ပါဝင်ရေးသားထားပြီး အထူးစိတ်လှုပ်ရှားဖွယ်ကောင်းတာကတော့ ဒဏ်ရာကြောင့် လှုပ်ရှားမှုများ ခေတ္တရပ်ဆိုင်းထားခဲ့တဲ့ Ten ကို ပြန်တွေ့ရတာပါပဲ။

NCT အဖွဲ့က လက်ရှိမှာ အဖွဲ့ဝင် ၁၈ ယောက်ပါဝင်ပြီး NCT U အဖွဲ့ဟာ NCT အဖွဲ့၏ အဖွဲ့ဝင်များ အလှည့်ကျပါဝင်သော အဖွဲ့ခွဲတစ်ခုဖြစ်တာကြောင့် ပုံသေသတ်မှတ်ထားတဲ့ အဖွဲ့ဝင်ရယ်လို့ မရှိပါဘူး။ ဒီလအစောပိုင်းမှာ “Boss” သီချင်းထွက်ရှိခဲ့တာကြောင့် “Baby Don’t Stop” သီချင်းကတော့ ဒီနှစ်ထဲမှာ NCT U အဖွဲ့ရဲ့ ဒုတိယမြောက်သီချင်းဖြစ်ပြီး ဒီသီချင်း ၂ ပုဒ်လုံးက မတ်လမှာ ထွက်ရှိလာမည့် “NCT 2018” အယ်လ်ဘမ်ထဲတွင် ပါဝင်မှာဖြစ်ပါတယ်။

            Baby Don’t Stop
                     


RII

#celebrity.thithtoolwin.com

Source: Soompi