Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / PyeongChang အိုလံပစ် ပိတ်သိမ်းပွဲအခမ်းအနားတွင် EXO အဖွဲ့နှင့် CL ဖျော်ဖြေမည်

PyeongChang အိုလံပစ် ပိတ်သိမ်းပွဲအခမ်းအနားတွင် EXO အဖွဲ့နှင့် CL ဖျော်ဖြေမည်

| No comment

၂၀၁၈ ခုနှစ် PyeongChang အိုလံပစ် ပိတ်သိမ်းပွဲအခမ်းအနားအတွက် ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းမှာ EXO အဖွဲ့နှင့် CL က သူတို့ရဲ့ ထင်မြင်ချက်များကို မျှဝေခဲ့ပါတယ်။

Baekhyun က “ကျွန်တော်တို့က နှစ်ကုန်ပိုင်းမှာ ကျင်းပလေ့ရှိတဲ့ ဆုပေးပွဲတွေအတွက် ကြိုးကြိုးစားစား ပြင်ဆင်လေ့ရှိပေမယ့် ဒီတစ်ခါတော့ အဲ့ဒီဆုပေးပွဲတွေထက်ပိုပြီး ပြင်ဆင်ရမယ်လို့ ခံစားမိပါတယ်။ အရမ်းဂုဏ်ယူမိပေမယ့် လေ့ကျင့်ပြင်ဆင်ရာမှာလည်း ဝန်လေးမိပါတယ်။ ဖျော်ဖြေမှုကောင်းတွေကို ပြသရမှာကို တွေးမိတော့ အရမ်းစိတ်လှုပ်ရှားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Suho ကလည်း “၁၉၈၈ ခုနှစ် အိုလံပစ်တုန်းက EXO အဖွဲ့ဝင်တွေ တစ်ယောက်မှ မမွေးသေးပါဘူး။ အခုတော့ ၂၀၁၈ ခုနှစ် PyeongChang ဆောင်းရာသီအိုလံပစ် ပိတ်သိမ်းပွဲအခမ်းအနားရဲ့ စင်မြင့်မှာ ဖျော်ဖြေရမယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ တခြားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွင့်ပွဲတွေနှင့် ပိတ်သိမ်းပွဲတွေကို ကြည့်ရင်းနဲ့ အဲ့ဒီစင်မြင့်ပေါ်မှာ ဖျော်ဖြေရတာ အရမ်းထူးခြားမှာပဲလို့ တွေးဖူးပါတယ်။ အခုတော့ EXO အဖွဲ့က ဖျော်ဖြေရမယ်ဆိုတော့ ဆန်းသစ်တဲ့ ခံစားချက်မျိုးပါပဲ။ ဖျော်ဖြေပြီးသွားရင် မျက်ရည်ကျမိမယ်ထင်တယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

EXO အဖွဲ့ရဲ့ ပရိသတ်ဖြစ်ကြောင်း ဖော်ပြခဲ့တဲ့ ရုရှားလူမျိုး figure skater Evgenia Medvedeva အကြောင်း မေးရာမှာတော့ သူမအတွက် လက်မှတ်ထိုးထားတဲ့ album ပို့ခဲ့ကြောင်း Suho က ပြောပြခဲ့ပါတယ်။ “ဒဏ်ရာမရဘဲ ကျန်းကျန်းမာမာနဲ့ ပြိုင်ပွဲဝင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့လည်း အားပေးစကားပြောကြားခဲ့ပါတယ်။

ဘယ်အားကစားသမားနှင့် တွေ့ချင်သလဲလို့ မေးရာမှာတော့ Suho က skeleton racer Yun Sung Bin နှင့် တွေ့ချင်ကြောင်း ပြောပြခဲ့ပါတယ်။ Chanyeol ကတော့ curler Kim Young Mi ကို တွေ့ချင်ရတဲ့ အကြောင်းအရင်းကို “ကျွန်တော့်အမေနာမည်က Lee Young Mi ပါ။ Young Mi ဆိုတဲ့ နာမည်ကို ခဏခဏကြားနေရတော့ အမေ့ကို အရမ်းသတိရမိလို့ပါ” ဟု ရှင်းပြရာမှာ နားထောင်သူများ ပွဲကျခဲ့ရပါသေးတယ်။

ပိတ်သိမ်းပွဲမှာ ဖျော်ဖြေဖြစ်တဲ့အကြောင်းနှင့် ပတ်သက်ပြီး CL က “တစ်ကမ္ဘာလုံးက ကြည့်တဲ့ အခမ်းအနားမှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံရတာ အရမ်းဂုဏ်ယူမိပါတယ်။ ကိုရီးယားနိုင်ငံမှာ ကျင်းပတာဖြစ်လို့ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတယ်လို့ ထင်ပါတယ်။ အားလုံးအတူ စောင့်မျှော်အားပေးဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး “စကားလုံးတွေနဲ့ ရှင်းပြတာထက် လက်တွေ့ပြလိုက်တာက အကောင်းဆုံးပါပဲ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပိတ်သိမ်းပွဲမှာ ဖျော်ဖြေရမည့်အကြောင်း ဘယ်အချိန်ကသိခဲ့တာလည်းဆိုတာကို မေးရာမှာတော့ “လွန်ခဲ့တဲ့ ၃ လက သိခဲ့တာပါ။ ပဏာမအစည်းအဝေးလည်း ကျင်းပခဲ့ပါသေးတယ်။ ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်။ သေချာလေ့ကျင့်ပြင်ဆင်ထားရပြီး ဘယ်သူ့ကို မပြောဖို့ တောင်းဆိုထားတာလည်းရှိသေးတယ်လေ။ လျှို့ဝှက်ချက်ကို သေချာစောင့်ထိန်းခဲ့ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

“ကျွန်မ ပါဝင်ဖျော်ဖြေမယ်ဆိုတာ ဖော်ပြပြီးနောက်မှာ လူတွေအများကြီးက ဂုဏ်ပြုပေးကြတယ်။ အားသွန်ခွန်စိုက် လေ့ကျင့်ပြင်ဆင်ထားပါတယ်” လို့ CL က ဆက်လက်ပြောပြခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com

 Source: Soompi