Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၈ ခုနှစ် PyeongChang Winter Olympics Closing Ceremony မှာ ကမ္ဘာကြီးကို ညှို့ယူဖမ်းစားခဲ့တဲ့ CL, EXO နှင့် Honey Lee

၂၀၁၈ ခုနှစ် PyeongChang Winter Olympics Closing Ceremony မှာ ကမ္ဘာကြီးကို ညှို့ယူဖမ်းစားခဲ့တဲ့ CL, EXO နှင့် Honey Lee

| No comment



၂၀၁၈ ခုနှစ် PyeongChang Winter Olympics ကတော့ မမေ့နိုင်စရာ အဖြစ်အပျက်များနှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြီးဆုံးသွားခဲ့ပါပြီ။ အဆင့်မြင့်နည်းပညာဖြင့် drones များ စုပေါင်းပြီး ဒီနှစ်ရဲ့ Olympics လာဘ်ကောင် Suhorang ပုံဖော်ခဲ့ရုံသာမက K-pop လောကမှ အကောင်းဆုံး အဆိုတော်များကလည်း ဖျော်ဖြေခဲ့ကြပါတယ်။

CL က ဆွဲဆောင်မှုရှိစွာဖြင့် “The Baddest Female” သီချင်းနှင့် 2NE1 ၏ “I Am the Best” သီချင်းများဖြင့် ဖျော်ဖြေခဲ့ပါတယ်။ မီးအလင်းရောင်များနှင့် ပေါင်းစပ်ထားသည့် ဖျော်ဖြေမှုမှာ လူအုပ်ကြီးကလည်း I Am the Best” သီချင်း၏ သံပြိုင်ပိုဒ်ကို အတူတူလိုက်ဆိုခဲ့ကြပါတယ်။

CL က ၂၀၀၉ ခုနှစ်မှာ 2NE1 ၏ အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး “Fire” “Lonely” “Go Away” နှင့် “I Am the Best” သီချင်းများနှင့် K-pop လောကကို လွှမ်းမိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် အဖွဲ့ကွဲခဲ့ပြီး CL က အမေရိကမှာ တစ်ကိုယ်တော်အဆိုတော်အဖြစ် လှုပ်ရှားနေတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော်သီချင်း “Hello Bitches” ထွက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ “Lifted” အယ်လ်ဘမ်ထွက်ရှိလာပြီး ၂၀၁၈ ခုနှစ်ထဲမှာ ဂီတပညာရှင်တစ်ယောက်အနေနှင့် ပိုပြီးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ချင်ကြောင်း ပြောခဲ့ပါတယ်။

EXO အဖွဲ့ဖျော်ဖြေမှုမှာတော့ Kai က ပထမဦးစွာ kkwaenggwari (ကိုရီးယားရိုးရာ မောင်း) သံနှင့် electric drum သံကို ရောနှောထားတဲ့ သံစဉ်ဖြင့် ကပြဖျော်ဖြေခဲ့ပါတယ်။ မကြာခင်မှာပဲ ကျန်ရှိတဲ့ EXO အဖွဲ့ဝင်များ ရောက်ရှိလာပြီး အားအင်ပြည့်ဝတဲ့ “Growl” နှင့် “Power” သီချင်းများနှင့်အတူ အားကစားကွင်းထဲမှ ပရိသတ်များကို ကခုန်စေခဲ့ပါတယ်။

EXO အဖွဲ့က ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး K-pop ကို ကိုယ်စားပြုတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ “Growl” “Overdose” “Love Me Right” နှင့် “Ko Ko Bop” အစရှိသော အောင်မြင်ကျော်ကြားသည့် သီချင်းများလည်း ထွက်ရှိထားပါတယ်။ နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာပွဲများတွင် ဖျော်ဖြေလေ့ရှိတာကြောင့် “Nation’s Pick” ဆိုတဲ့ နာမည်ကိုလည်းရရှိခဲ့ပြီး အဖွဲ့ဝင် Baekhyun ကလည်း International Olympic Committee session ဖွင့်လှစ်ပွဲတွင် နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပါသေးတယ်။

အံ့အားသင့်ဖွယ်ကတော့ Honey Lee က ဒီညရဲ့ ပထမဆုံး ဖျော်ဖြေမှုမှာ ကိုရီးယားရိုးရာ အကများထဲမှာမှ တစ်ကိုယ်တော်ကရတဲ့ တစ်ခုတည်းသော အကဖြစ်တဲ့ ChoonAengMoo နှင့်အတူ နွေဦး၏အလှနှင့် လွမ်းမောမှုတို့ကို ကန့်သတ်ထားသော လှုပ်ရှားမှုများမှတဆင့် ပုံဖော်သွားပါတယ်။

Seoul National University မှ ကိုရီးယားရိုးရား ဂီတ မာစတာဘွဲရရှိထားတဲ့ Honey Lee ကို ဒီပိတ်သိမ်းပွဲမှာ ဖျော်ဖြေးပေးဖို့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကတည်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ၃ လကြာ ပြင်ဆင်ခဲ့ရကြောင်း သူမရဲ့ အေဂျင်စီမှ ပြောပြခဲ့ပါတယ်။ Honey Lee က “ပိတ်သိမ်းပွဲမှာ ပါဝင်ပြီး ကိုရီးယားရဲ့ အလှအပကို ကမ္ဘာကသိအောင် ပြသရမည့် အခွင့်အရေးကို ကျေးဇူးတင်စွာနှင့် သဘောတူခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ် PyeongChang Winter Olympics ကို PyeongChang, Gangwon Province မှာ ဖေဖော်ဝါရီလ ၉ ရက်မှ ၂၅ ရက်အတွင်း ကျင်းပခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ၂၀၁၈ ခုနှစ် PyeongChang Winter Paralympics ကို မတ်လ ၉ ရက်မှ ၁၈ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။


RII

#celelbrity.thithtoolwin.com

Source: Soompi