Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အက်ရှင်ဇာတ်လမ်းတွဲသစ်မှာ သရုပ်ဆောင်မည့် Rain

အက်ရှင်ဇာတ်လမ်းတွဲသစ်မှာ သရုပ်ဆောင်မည့် Rain

| No comment

Rain က တီဗီဖန်သားပြင်မှာ ပြသမည့် သူ့ရဲ့ ဇာတ်လမ်းတွဲသစ်ကို ရွေးချယ်လိုက်ပါပြီ။

JTBC ရုပ်သံမှ ထုတ်လွှင့်မည့် “Sketch” (ယာယီအမည်) ဇာတ်လမ်းတွဲမှာ Rain ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း JTBC နှင့် Rain ရဲ့ အေဂျင်စီတို့က အတည်ပြုလိုက်ပါတယ်။

အဆိုတော်က ပြီးခဲ့တဲ့လတုန်းက ဒီဇာတ်လမ်းကို ငြင်းပယ်ခဲ့ပေမယ့် နောက်တစ်ခါထပ်ပြီး ကမ်းလှမ်းလာတဲ့အတွက် သူ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ SBS ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ “Please Come Back, Mister” နောက်ပိုင်း ၂ နှစ်အကြာမှာ Rain ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲဖြစ်ပါတယ်။

“Sketch” ဇာတ်လမ်းတွဲဟာ မိမိရဲ့ ကံတရားကို ပြောင်းလဲဖို့ ရုန်းကန်ကြိုးစားနေကြသူများရဲ့ ကံကြမ္မာနှင့် ချစ်ခြင်းကို ပြသထားမည့် စူးစမ်းလေ့လာတဲ့ အက်ရှင်ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဇာတ်ညွှန်းကို tvN ၏ “Hidden Identity” ဇာတ်လမ်းတွဲ၊ MBC ၏ “Chosun Police Season 3” နှင့် “The King’s Case Note” ရုပ်ရှင်တို့ကို ရေးသားခဲ့တဲ့ Kang Hyun Sung က ရေးသားမှာဖြစ်ပါတယ်။

“Sketch” ဇာတ်လမ်းတွဲကို ဒီနှစ်ရဲ့ မေလ သို့မဟုတ် ဇွန်လမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


 RII

#celebrity.thithtoolwin.com

Source: Soompi