Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ready Player One ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

Ready Player One ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

| No comment

Warner Bros. Pictures က ထုတ်ပြလိုက်တဲ့ Ready Player One ဇာတ်လမ်းနမူနာသစ်ထဲမှာ Steven Spielberg က အသက်ပြန်သွင်းထားတဲ့ Jurassic Park ထဲက ဂန္ဓဝင်မြောက် ဇာတ်ဝင်ခန်းအပါအဝင် ရုပ်ရှင်ထဲမှာ ပရိသတ်များ ရှာဖွေတွေ့ရှိနိုင်မည့် Easter eggs များစွာပါဝင်လာပါတယ်။

Ready Player One ဇာတ်ကားမှာ Tye Sheridan, Olivia Cooke, Mark Rylance, Simon Pegg, T.J. Miller, Hannah John-Kamen နှင့် Ben Mendelsohn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက ကမ္ဘာပျက်လုဆဲဆဲဖြစ်နေတဲ့ ၂၀၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အများနှင့်မတူဘဲ အလွန်ထက်မြက်သော James Halliday (Mark Rylance) တီထွင်ခဲ့တဲ့ စိတ်ကူးယဉ်လောက OASIS က လူတွေအတွက် ကွန်းခိုရာဖြစ်လာပါတယ်။ Halliday သေဆုံးသွားတဲ့အခါမှာတော့ OASIS ထဲက တစ်နေရာမှာ ဝှက်ထားခဲ့တဲ့ ဒစ်ဂျစ်တယ် Easter egg ကို ရှာဖွေနိုင်သူအတွက် သူ့ရဲ့ များပြားလှတဲ့ အမွေတွေကို ထားခဲ့တာကြောင့် တစ်လောကလုံးကို ဖမ်းစားထားတဲ့ ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတယ်။ သူများနှင့်မတူတဲ့ လူစွမ်းကောင်းလေး Wade Watts (Tye Sheridan) က ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ပဟေဠိတွေ၊ ရှာဖွေတွေ့ရှိမှုတွေနှင့် အန္တရာယ်တွေရှိနေတဲ့ ဆန်းကြယ်တဲ့ လောကကြီးထဲမှာ သေလောက်တဲ့ ရတနာသိုက် ရှာဖွေရေးထဲကို ခြေစုံပစ်ထည့်ခံလိုက်ရပါတော့တယ်။

A Warner Bros. Pictures, Village Roadshow Pictures နှင့် DreamWorks Pictures production တို့ရဲ့ Ready Player One ဇာတ်ကားကို Spielberg က ရိုက်ကူးထားပြီး De Line Pictures အဖွဲ့အစည်အောက်မှာ Donald De Line, Dan Farah နှင့် Kristie Macosko Krieger တို့နှင့်အတူ ထုတ်လုပ်ထားပါတယ်။ Bruce Berman က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Ernest Cline ရဲ့ ဝတ္ထုကို အခြေခံပြီး Cline, Zak Penn နှင့် Eric Eason တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Alan Silvestri (Back to the Future trilogy) က သီချင်းရေးဖွဲ့ပေးထားပါတယ်။

Ready Player One ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

                         Trailer 
         

RII

#celebrity.thithtoolwin.com

Source: Comingsoon