Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Robert Downey Jr. ၏ 'Doctor Dolittle' ဇာတ်ကားတွင် Selena Gomez ပါဝင်မည်

Robert Downey Jr. ၏ 'Doctor Dolittle' ဇာတ်ကားတွင် Selena Gomez ပါဝင်မည်

| No comment

Selena Gomez ကလည်း 'The Voyage of Doctor Dolittle' ဇာတ်ကားတွင် ပါဝင်မှာဖြစ်ပါတယ်။ Universal က ရိုက်ကူးမည့် ဒီဇာတ်ကားမှာ Robert Downey Jr. က တိရစ္ဆာန်တွေနှင့် ဆက်သွယ်ပြောဆိုနိုင်တဲ့ ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး အဲ့ဒီတိရစ္ဆာန်တွေထဲက တစ်ကောင်ရဲ့အသံကို Gomez က သရုပ်ဆောင်မှာဖြစ်ပါတယ်။

Platinum recording ရ တေးသံရှင်ဟာ Spider-Man: Homecoming မင်းသား Tom Holland, Emma Thompson နှင့် Ralph Fiennes တို့နှင့်အတူ အသံသရုပ်ဆောင်အဖြစ် ပါဝင်မှာပါ။ Downey, Michael Sheen နှင့် Antonio Banderas တို့ကတော့ သက်ဝင်လှုပ်ရှား ဇာတ်ကောင်များအဖြစ် ပါဝင်သွားမှာပါ။

Stephen Gaghan (Traffic, Syriana) က သူကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ညွှန်းကနေ ရိုက်ကူးမှာဖြစ်ပြီး အစောပိုင်း ဇာတ်ညွှန်းအကြမ်းကိုတော့ Tom Shepherd က ရေးသားခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်လွန်တွေတုန်းက Hugh Lofting ရေးသားခဲ့တဲ့ ကလေးစာအုပ်တွေကို အခြေခံပြီး ရိုက်ကူးမှာဖြစ်ပါတယ်။

Joe Roth နှင့် Jeff Kirschenbaum (Alice in Wonderland) တို့က Roth/Kirschenbaum Films ခေါင်းစည်းအောက်ကတဆင့် Team Downey အတွက် Susan Downey နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ Jon Mone နှင့် Lexi Barta တို့က Universal အတွက် ထုတ်လုပ်ရေးကို တာဝန်ယူမှာဖြစ်ပါတယ်။

'The Voyage of Doctor Dolittle' ဇာတ်ကားကို ဒီလနှောင်းပိုင်းမှာ လန်ဒန်တွင် ရိုက်ကူးရေး စတင်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Netflix ၏ 13 Reasons Why ဇာတ်လမ်းတွဲအတွက် အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားတဲ့ Gomez ရဲ့ အသံကို ဇူလိုင်လမှာ ထွက်ရှိလာမည့် တတိယမြောက် Hotel Transylvania ဇာတ်ကားမှာလည်း ကြားနိုင်မှာဖြစ်ပါတယ်။ သူမရဲ့ ကိုယ်စားလှယ်ကတော့ WME, Lighthouse Management & Media and Ziffren Brittenham ဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Hollywood Reporter