Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂ နှစ်ကြာမှ ဇာတ်လမ်းတွဲသစ်နှင့်အတူ ပြန်လာတဲ့ So Ji Sub

၂ နှစ်ကြာမှ ဇာတ်လမ်းတွဲသစ်နှင့်အတူ ပြန်လာတဲ့ So Ji Sub

| No comment

မင်းသား So Ji Sub က ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ အတည်ပြုလိုက်ပါပြီ။

MBC ရုပ်သံမှ ထုတ်လွှင့်မည့် “Terius Behind Me” ဇာတ်လမ်းတွဲ (တိုက်ရိုက်ဘာသာပြန်အမည်) မှာ ပါဝင်မည့်အကြောင်း So Ji Sub ၏ အေဂျင်စီမှ ဖေဖော်ဝါရီလ ၂၂ ရက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက “So Ji Sub က MBC ရုပ်သံမှ ဗုဒ္ဓဟူး-ကြာသပတေးနေ့မှာ ထုတ်လွှင့်မည့် “Terius Behind Me” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ရိုက်ကူးရေး အချိန်ဇယားကိုတော့ အတည်မပြုရသေးပါဘူး” လို့ ပြောပြခဲ့ပါတယ်။

 “Terius Behind Me” ကို နာမည်ကျော် ဇာတ်လမ်းတွဲများဖြစ်တဲ့ “To the Beautiful You” နှင့် “Jang Bori is Here” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Park Sang Hoon က ပဲ့ကိုင်မှာဖြစ်ပြီး MBC ရုပ်သံ၏  “Shopping King Louie” ကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်း Oh Ji Young က ရေးသားထားတာဖြစ်ပါတယ်။

So Ji Sub အတွက် ၂ နှစ်ကျော်အတွင်းမှာ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ မင်းသား နောက်ဆုံးရိုက်ကူးထားတာကတော့ KBS 2TV ရုပ်သံ၏ “Oh My Venus” ဇာတ်လမ်းတွဲနှင့် ၂၀၁၇ ခုနှစ်မှာ “Battleship Island” ရုပ်ရှင်ဖြစ်ပါတယ်။ “I’m On My Way To Meet You” ရုပ်ရှင်သစ် (တိုက်ရိုက်ဘာသာပြန်အမည်) မှာလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

“Terius Behind Me” ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလအစောပိုင်းတွင် ထုတ်လွှင့်ဖို့ မျှော်လင့်ထားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi